
မနက် ၃ နာရီအချိန်မှာ စွန်လွှတ်တမ်းကစားချင်နေတဲ့သားအတွက် မရရတဲ့နည်းနဲ့ အစွမ်းကုန်ကြိုးစားပေးခဲ့တဲ့ ဖခင်
မလေးရှားနိုင်ငံရှိ Asy Syakirin အမည်ရှိဖခင်တစ်ဦးဟာ သားဖြစ်သူ Bambam က နံနက် ၃ နာရီအချိန်ကြီးမှာ စွန်လွှတ်တမ်းဆော့ကစားချင်ခဲ့တဲ့ သားလေးဖြစ်သူ Bambam ရဲ့ရယ်စရာဇာတ်လမ်းတစ်ပုဒ်အကြောင်းကို သူ့ရဲ့ Anak Sepahkan Apa Hari Ini Facebook page မှာပြန်လည်မျှဝေပေးခဲ့ပါတယ်။
Bambam က များသောအားဖြင့် ညသန်းခေါင်ယံအချိန်မှာ ထမင်းကြော်အချို့တောင်းစားလေ့ရှိပေမဲ့လည်း ၎င်းညမှာတော့ အနည်းငယ်ကွာခြားနေခဲ့ပါတယ်။ Bambam ဟာ အိပ်မပျော်တာကြောင့် သူ့အဖေကို နိုးပြီး သူနှင့်အတူ စွန်လွှတ်တမ်းဆော့ကစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။အစပိုင်းတော့ ဖခင်ဖြစ်သူက ဘယ်လိုလုပ်ပေးရမလဲဆိုတာကို စဉ်းစားရခက်နေခဲ့ရပါတယ်။
သို့ပေမဲ့ Asy ဟာ သားဖြစ်သူရဲ့စွန်ကို စားပွဲတင်ပန်ကာဖြင့် လေမှုတ်ထုတ်ပေးပြီး စွန်ကို အပေါ်ပျံတက်အောင် လုပ်ပေးခဲ့ပါတယ်။၎င်းက တကယ့်လက်တွေ့အရာနဲ့မတူပေမယ့်လည်း သားဖြစ်သူရဲ့စွန်လွှတ်ချင်စိတ်က ညသန်းခေါင်မှာဖြစ်နေခဲ့တာကြောင့် ၎င်းနည်းလမ်းက အကောင်းဆုံးဖြေရှင်းနည်းတစ်ခုပါဘဲ လို့ Asyက ဆိုခဲ့ပါတယ်။
အထူးသဖြင့် တစ်နိုင်ငံလုံးအိမ်မှာ နေဖို့တောင်းဆိုခံနေရတဲ့ အခုလိုအချိန်အခါမှာ သားဖြစ်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မရရတဲ့နည်းလမ်းနဲ့ အစွမ်းကုန်ကြိုးစားပေးခဲ့တဲ့ ဖခင်ကို ကျွန်တော်တို့အားလုံး ချီးကျူးဂုဏ်ပြုပေးသင့်ပါတယ်ဗျာ။
Leave a Reply