မနက်ခင်းမှာ ရေနွေးပုံမှန်သောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ

ဘယ်သူကမှ အလျင်အမြန် အိုမင်းရင့်ရော်လာတာကို လိုချင်ကြမှာမဟုတ်ပါဘူး။ဒါပေမယ့်လည်း ခန္ဓာကိုယ်မှာ ရှိတဲ့ အဆိပ်အတောက်တွေကနေပြီးတော့အိုမင်းရင့်ရော်ခြင်းကို အလျင်အမြန် ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေစုပုံလာတဲ့အခါ နာမကျန်းဖြစ်ခြင်းနှင့် အသက်အရွယ် ကြီးရင့်ခြင်းတို့ကိုဖြစ်စေပါတော့တယ်။ရေနွေးဟာဆိုရင်ဒီလို ဒုက္ခပေးနိုင်တဲ့ခန္ဓာကိုယ်က အဆိပ်အတောက် တွေကိုဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် အရေပြားဆဲလ်တွေကိုလည်း ပြန်လည်အစားထိုးပေးနိုင်ကာ အရေပြားရဲ့ဆန့်ကျုံ့နိုင်တဲ့အစွမ်းကို တိုးမြှင်းပေးနိုင်တဲ့အထိအစွမ်းထက်တန်ဖိုးရှိတာဖြစ်ပါတယ်။

နာကျင်မှု့မျိုးစုံကို သက်သာပျောက်ကင်းစေနိုင်ပါတယ်

အမျိုးသမီးတွေ ဓမ္မတာလာချိန်နာကျင်တဲ့ ဝေဒနာကိုဖျောလျော့ပေးနိုင်တဲ့ သဘာဝစွမ်းအင်ရှိတဲ့ ဆေးကောင်းတစ်လက်ကလည်း ရေနွေးဘဲဖြစ်ပါတယ်။အစာအိမ်ကြွက်သားတွေကို ကောင်းမွန်စေပြီး ဓမ္မတာလာစဉ်နာကျင်မှု့ကို သက်သာပျောက်ကင်း စေနိုင်တာဖြစ်ပါတယ်။ဒီအချက်အပြင်ရေနွေးဟာ နာကျင်ခြင်း၊ကြွက်တက်ခြင်းတို့နှင့် ဆိုင်တဲ့ ဝေဒနာ အများအပြားအတွက်လည်းအကျိုးသက်ရောက် ပျောက်ကင်းစေနိုင်ပါတယ်။ဆံခြည်မျှင် သွေးကြောကလေးတွေရဲ့သွေးလည်ပတ်အားကို ကောင်းစေပြီးတော့ ခန္ဓာကိုယ်ထဲက ကြွက်သားတွေကိုပြေလျော့စေနိုင်ပါသေးတယ်။

ကိုယ်အလေးချိန်ချတဲ့နေရာမှာလည်း အကူအညီပေးနိုင်ပါတယ်

သင့်အနေနဲ့ ဝိတ်ချဖို့ ကြိုးစားနေတဲ့သူဆိုရင်တော့မနက်ခင်းမှာ ရေနွေးကိုဖန်ခွက်တစ်ခွက် ပုံမှန်သောက်ခြင်း ဟာအကူအညီဖြစ်စေတယ်ဆိုတာကိုကြားဖူးကြမယ်ထင်ပါတယ်။ အဲ့တာ တကယ့်အမှန် ဖြစ်ပါတယ်။ ရေနွေးဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုတိုးစေပြီးတော့(တစ်နည်းအားဖြင့်ဆိုရရင်တော့ခန္ဓာကိုယ်ဇီ၀ ဖြစ်စဉ်ကို တိုးစေတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်) ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးကာ တစ်နေ့တာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏကိုပိုမိုများပြား လောင်ကျွမ်းစေနိုင်ပါတယ်။

အဆင်ပြေလို့ ရေနွေးကို ဖန်ခွက်တစ်ခွက်စာ သောက်တဲ့နေရာမှာရှောက်သီး(သို့)သံပရိုသီး ထည့်သောက် မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီပိုတွေကိုပယ်ဖျက်ပေးနိုင်တဲ့အထိ အကျိုးအာနိသင်ရှိပါတယ်။ ရှောက်သီးမှာ အစာခံတဲ့အမျှင်ဓာတ်တွေ ပါဝင်တာကြောင့်ရေနွေးနှင့် ရှောက်သီးကို ရောသောက်ခြင်းဟာအစာစားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါသေးတယ်။

အစာချေဖျက်ခြင်းကို တိုးမြှင့်စေနိုင်တယ်

ဒါတွေအပြင် မနက်ခင်းမှာ ရေနွေးတစ်ခွက်သောက်ဖြစ်ခဲ့တယ်ဆိုရင်သင့်ရဲ့ အစာခြေဖျက်တဲ့စနစ်ကို ပုံမှန်လည်ပတ်စေနိုင်တာကြောင့်သင့်ရဲ့ ခန္ဓာကိုယ်ကိုအရင်ကထက်ပိုမိုကာ အစာခြေဖျက်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ဒီနေရာမှာ ပြောရရင်ရေခဲရေတွေဟာဒီစနစ်ကို နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ရေခဲရေတွေက သင်စားလိုက်တဲ့ အစားအစာထဲမှာပါတဲ့ ဆီနှင့်အဆီဓာတ်တွေကိုခိုင်မြဲအောင်ပြုလုပ်လိုက်လို့ဘဲ ဖြစ်ပါတယ်။ဒီလိုပြုလုပ်တဲ့ ခိုင်မြဲသွားတဲ့အဆီတွေကို အစာခြေဖျက်ဖို့ အတွက်ခက်ခဲသွားစေနိုင်ပါတယ်။ဒါကြောင့် ရေခဲရေတွေသောက်မယ့်အစား ရေနွေးကိုသောက်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

သွေးလည်ပတ်အားကောင်းတယ်

အာရုံကြောစနစ်ထဲက စုပြုံသွားတဲ့ အညစ်အကြေးတွေနှင့်ခန္ဓာကိုယ်ထဲ အဆီဓာတ်အကြွင်းအကျန်တွေကို ရေနွေးတစ်ခွက်သောက်ယုံနှင့်ဖယ်ရှားပစ်လို့ရနိုင်တယ်ဆိုတာ သင်သိပါသလား။ သွေးလည်ပတ်အားကိုကောင်းသွားစေတာကြောင့် ခန္ဓာကိုယ်အနှံ့တစ်လျှောက်မှာရှိတဲ့ အဆိပ်အတောက်တွေကိုချက်ချင်းဆိုသလို ဖယ်ရှားပစ်ဖို့အတွက် အကူညီကောင်းရပါတယ်။ ကြွက်သားတွေဆုံးရှုံးသွားလို့နာကျင်တာတွေ၊အညောင်းမိတာတွေနှင့် သွေးလည်ပတ်အား မကောင်းတာတွေ အကုန်လုံးကိုရေနွေးတစ်ခွက်ထဲနှင့် အဆင်ပြေသွားစေနိုင်ပါတယ်။

ဝမ်းချုပ်ခြင်းကို ကုသနိုင်တယ်

ဝမ်းချုပ်တဲ့အခါတွေမှာ နေမထိထိုင်မသာဖြစ်တာတွေ၊နေရတာအဆင်မပြေတာတွေကို ကြုံဖူးကြမယ် ထင်ပါတယ်။ဒါဟာ လူတိုင်းကြုံဖူးတဲ့သာမန်ပြသနာတွေဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာလည်းဆိုတော့ အဲ့ဒီဝေဒနာခံစားရတဲ့လူအနေနဲ့ သူ့ရဲ့ အူမကြီးဟာလှုပ်ရှားမှု့နည်းသွားတာကြောင့် (သို့) လုံးဝမလှုပ်ရှား တော့တာကြောင့်ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာရေဓာတ်ပြတ်တောက်တဲ့အခါ၊ခမ်းခြောက်သွားတဲ့အခါတွေမှာမကြာခဏဖြစ်တက်ပါတယ်။တကယ်လို့များ သင့်ရဲ့ တစ်နေ့တာ မနက်ခင်းမှာဘာမှမစားရသေးခင်ရေနွေးတစ်ခွက်သောက်ပြီး စတင်လိုက်မယ်ဆိုရင်တော့အူမကြီးလှုပ်ရှားမှု့ကို တိုးမြှင့်ပေးပြီးတော့ ဝမ်းချုပ်တာတွေ၊ဝမ်းချုပ်ရင်ခံစားရတဲ့ဝေဒနာတွေကိုလျှော့ချပေးသွားနိုင်ပါတယ်။

ကောင်းကောင်းအိပ်စက်စေတယ်

အစာစားနေချိန်(အထူးသဖြင့် ညစာစားချိန်တွင်းမှာ)ရေနွေးတစ်ငုံစာလောက် ကြားဖြတ်သောက်လိုက်မယ် ဆိုရင်ခန္ဓာကိုယ်ရဲ့ပင်ပန်းနွမ်းနွယ်မှု့တွေကို ဖြေဖျောက်ပေးပြီးတော့ အာရုံကြောတွေကိုအမှန်တကယ် ကောင်းမွန်စေပါတယ်။ ဒီလိုကောင်းမွန်စေရင်ဘာဖြစ်မှာမို့လို့လည်းလို့မေးလာရင်တော့ သင့်ကို ကောင်းမွန်စွာ အိပ်စက်အနားယူစေနိုင်ပြီးတော့နောက်တစ်နေ့မနက်မိုးလင်းနိုးထတဲ့အခါမှာ နုပျိုလန်းဆန်းမှု့ကို ခံစားရမှာဖြစ်ပါတယ်။

 

ကဲ ဒီလောက်ကောင်းတဲ့ ရေနွေးကိုကော်ဖီဖျော်သောက်ယုံ၊လက်ဖက်ရည်ဖျော်သောက်ယုံဘဲ အသုံးပြုကြတော့ မလို့လား။ အခုချိန်ကစပြီးတော့ခန္ဓာကိုယ်အတွက် အားလုံးကောင်းစေတဲ့ ရေနွေးသောက်တဲ့ အလေ့အထကိုမွေးမြူလိုက်ကြရအောင်။

Be the first to comment

Leave a Reply

Your email address will not be published.


*