
Colombia နိုင်ငံ Antioquiaမြို့ရဲ့ Abejorral ကျေးလက်ဒေသရှိဧရာမကျောက်ဆောင်တုံးကြီးပေါ်က ကော်ဖီရှုခင်းလို့လူသိများတဲ့ La Casa en el Aire (‘The House in the air’) အမည်ရှိသစ်သားဖြင့်တည်ဆောက်ထားပြီးအမိုးဖြူနဲ့ပြုလုပ်ထားတဲ့အိမ်ဟာ မြေပြင်အထက်မီတာ ၃၀ ခန့်မှာရှိတဲ့ချောက်ကမ်းပါးပေါ်မှာ တည်ရှိပါတယ်။
La Casa en el Aire ကို သံမဏိဝါယာကြိုးတွေနဲ့ချိတ်ဆက်ထားပြီး ချောက်ကမ်းပါးကိုဆန့်ကျင်ထားတဲ့ရှည်လျားတဲ့သစ်သားတိုင်ကြီးတစ်ခုနဲ့တည်ဆောက်ထားတာပါ။La Casa en el Aire ဟာ မြေမျက်နှာပြင်အထက်မီတာ ၂၀ ခန့်၊ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၂၅၀၀ ခန့်မှာတည်ရှိတာပါ။
ချောက်ကမ်းပါးမျက်နှာပြင်တစ်လျှောက်ကိုဆွဲထားတဲ့တံတားမှ ခရီးသည်တွေကို တောင်ပေါ်တောင်အောက် သယ်ဆောင်နိုင်ဖို့အတွက် ခိုင်ခံ့တဲ့သံကြိုးဆွဲယာဉ်ကိုပါ ချိတ်ဆက်ထားပါတယ်။
La Casa en el Aire အိမ်ကို Nilton López အမည်ရှိတဲ့တောင်တက်သမားတစ်ဦးက တီထွင်ဆောက်လုပ်ပေးခဲ့တာပါ။Niltonက ဒီထူးဆန်းတဲ့တည်းခိုခန်းကိုတည်ဆောက်ရခြင်းက သူ့ရဲ့အိမ်မက်ဟောင်းကိုအကောင်အထည်ဖော်နိုင်ဖို့လို့ဆိုထားပါတယ်။
သူ့တီထွင်မှုက ရေရှည်တည်တံ့နေပြီးလျှပ်စစ်ဓာတ်အားကိုနေရောင်ခြည်စွမ်းအင်ဖြင့်ထုတ်လုပ်နိုင်ခြင်း နဲ့ အမှိုက်အားလုံးကိုလည်းစုဆောင်းပြီး Medellin သို့ပို့ဆောင်နိုင်ခြင်းတို့ကြောင့် သူအတော်လေး စိတ်ချမ်းသာနေရပါတယ်တဲ့။
ဧရာမကျောက်တုံးကြီးပေါ်ကတည်ဆောက်ထားတဲ့အခန်းမှာ အနားယူ၊တည်းခိုနိုင်တဲ့အပြင် La Casa en el Aire ရဲ့ခရီးသွားဧည့်သည်တွေအတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့လှုပ်ရှားမှုတွေလည်း ပါဝင်ပြီး အခန်းထဲကနေ ခုန်ထွက်တာ ဒါမှမဟုတ် အခန်းအထက်ကသံမဏိကြိုးတွေပေါ်မှာ တပ်ထားတဲ့ပုခက်ထဲမှာ တစ်ညတာအိပ်စက်နိုင်တာပါဘဲ။
La Casa en el Aire က Abejorralကျေးလက်ဒေသရဲ့ဝေးလံတဲ့နေရာမှာတည်ရှိပြီး အစားအစာကိုအလွယ်တကူမရရှိနိုင်တဲ့အတွက်ကြောင့် အကယ်လို့ သွားရောက်လည်ပတ်ချင်ရင် ခရီးသွားဧည့်သည်တွေအနေနဲ့ ကြာရှည်ခံအစားအစာတွေ (ခြောက်သွေ့တဲ့ပေါင်မုန့်၊ cookies စတာတွေ) အပြင် ရေ ၅ လီတာဘူးကိုလည်းယူလာဖို့ တိုက်တွန်းထားပါသေးတယ်။
Leave a Reply