
မတွေ့ရတာကြာပြီဖြစ်တဲ့ သခင့်ကို ပွေ့ဖက်လို့မဝနိုင်အောင်ဖြစ်နေတဲ့ ငန်းထီးလေးရဲ့ (ရုပ်သံ)
အိမ်မွေးတိရစ္ဆာန်တွေ နဲ့ လူတွေကြားကချစ်ခြင်းမေတ္တာတွေဟာ အချို့ဆိုရင် တုနှိုင်းယှဉ်စရာမရှိလောက်အောင် ဖြူ စင်လွန်းလှပြီး ၊ သစ္စာရှိလွန်းလှပါတယ် ။ လူအတော်များများက အိမ်မွေးတိရစ္ဆာန်တွေဆိုရင် ခွေးလေး ၊ ကြောင်လေးတွေကိုသာ ပြေးမြင်နေကြပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ အိမ်မွေးအကောင်လေးကတော့ပုံမှန်အိမ်မွေးအကောင်လေး မဟုတ်ပေမဲ့လည်း သခင်ဖြစ်သူနဲ့ ပြန်ဆုံတွေ့ရလို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ သူ့ရဲ့အပြုအမှုလေးဟာ ချစ်ဖို့ကောင်းလွန်းလှပါတယ် ။ Video လေးမှာတော့ Seman အမည်ရှိတဲ့ ငန်းထီးတစ်ကောင်ဟာ သခင်ဖြစ်သူကို ပွေ့ဖက်နေခဲ့တာပါ ။
” ကျွန်တော် Seman ဆီကို အလည်မလာတာ အတော်လေးကြာနေခဲ့ပြီ ၊ သူကျွန်တော့်ကို အခုထိမှတ်မိနေတော့ အတော်လေးပျော်ပါတယ် ” ဆိုတဲ့ စာသားလေးနဲ့ Video ကို သခင်ဖြစ်သူက Twitter စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါတယ် ။ Seman သခင်ရဲ့ ညီလေးဖြစ်သူကလည်း Seman ကိုပွေ့ဖက်ခြင်ပေမဲ့လည်း Seman ကလက်မခံခဲ့ပါဘူး ။
ငန်းထီးတွေအတော်များများဟာ ဆိုးသွမ်းလွန်းတဲ့အတွက် အချို့ဆိုရင် အိမ်စောင့် ၊ ခြံဝန်းစောင့်ဖို့အတွက်သာ မွေးမြူထားလေ့ရှိပါတယ် ။ သို့ပေမဲ့လည်း Seman လေးရဲ့ချစ်ဖို့ကောင်းလွန်းတဲ့အပြုအမှုလေးကြောင့် Seman လေးရဲ့ video ဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။
Leave a Reply