မတော်တဆ အိပ်မောကျသွားခဲ့ရင်းကနေ ကြက်မေမေ ဖြစ်သွားခဲ့တဲ့ ကြောင်လေးအဖြစ်

ကြောင်လေးတွေအတော်များများက တစ်ရက်ကို 4,5 ခါလောက် တရေးတမောအိပ်တတ်ကြပါတယ် ။ သို့ပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ကြောင်လေးကတော့ ကြံကြံဖန်ဖန်ကြက်အသိုက်ထဲက ကြက်ဥတွေပေါ် ဝင်အိပ်ခဲ့ပါတယ် ။

ကြက်မကြီးရောက်လာခဲ့ချိန်မှာမှ နှိုးထလာခဲ့တဲ့ကြောင်လေးကို ဥတွေဖျက်ဆီးမဲ့သူမဟုတ်မှန်း ကြက်မကြီးက သိနေတော့ ရန်မမူခဲ့ပါဘူး ။ ကြက်မကြီးရန်မမူမှန်းသိတော့နောက်ပိုင်း ကြောင်လေးဟာ ခဏခဏ နွေးနွေးထွေးထွေးရှိတဲ့ ကြက်အသိုက်ထဲ ဝင်အိပ်နေခဲ့လို့ အခုဆိုရင်တောင် ကြက်ပေါက်စလေးတွေရဲ့ မေမေ ဖြစ်နေပါပြီ ။

ဘာလို့ဆို ကြက်ကလေးတွေက မိခင်နောက်မလိုက်ဘဲ ကြောင်လေးရဲ့နောက်ကို တကောက်ကောက်လိုက်နေကြလို့ပါပဲ ။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*