
မတော်တဆမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အကြောသေသွားသည့် ဇနီးသည်လေးကို ထမင်းလေးတွေကအစခွင့်ကျွေးပြီး အနားကမခွာဘဲ အရိပ်လေးလို အမြဲရှိပေးကာ ဂရုစိုက်နေခဲ့သည့် အမျိုးသား
တရုတ်နိုင်ငံ Shandingပြည်နယ်မှ အသက်၄၈နှစ်အရွယ် အမျိုးသား၏ သစ္စာရှိလှသော ချစ်တတ်မှုကို မြင်တွေ့ခဲ့ရလျှင် လူတိုင်းက လိုချင်အားကျမိမှာသေချာပါတယ်။အမျိုးသား၏ နာမည်မှာ Da Zhangဟုသိရပြီး သူ၏ဇနီးသည်မှာ Jinanဖြစ်ကာ ကျောင်းဆရာမတစ်ဦးလည်းဖြစ်ပါတယ်။
သူတို့၏အိမ်ထောင်သက်တမ်းမှာ နှစ်၂၀အထိရှိလာခဲ့ပြီဖြစ်ပြီး သားသမီးလေးတွေလည်း ရှိနေခဲ့ပါတယ်။တစ်ရက်တွင်တော့ ဇနီးဖြစ်သူဟာ ယာဥ်မတော်တဆဖြစ်ကာ မသန်စွမ်းသူဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။ထို့ကြောင့် အမျိုးသားဟာ ဇနီးသည်ကိုပြစ်သွားခြင်းမရှိဘဲ ထမင်းကအစခွင့်ကျွေးပြီး မျက်နှာသစ်သွားတိုက်ရန်ပင် ကူညီလုပ်ဆောင်ပေးတာဖြစ်ပါတယ်။
ဇနီးသည်လေးကို အမြဲတမ်း အရိပ်တကြည့်ကြည့်နှင့် ရှိနေတတ်ပြီး အမျိုးသားဟာ အရာရာတိုင်းကို ဇနီးသည်စိတ်ချမ်းသာစေရန် လုပ်ဆောင်ပေးပြီး ဂရုစိုက်နေခဲ့တာဖြစ်ပါတယ်။အမျိုးသား၏ ဇနီးသည်အပေါ်တွင် မေတ္တာအပြည့်ဖြင့် စောင့်ရှောက်နေပုံတွေဟာ မြင်တွေ့သူ၏ရင်ကို ရိုက်ခတ်စေခဲ့ရပါတယ်။
Zawgyi
Leave a Reply