မတော်တဆခွဲလိုက်မိတဲ့ပန်းအိုးထဲမှာ အဖေ့ရဲ့လျှို့ဝှက်စုဆောင်းငွေတွေနဲ့ ပြည့်နေတာကို အမှတ်မထင်တွေ့ခဲ့တဲ့ မိန်းကလေး

မတော်တဆခွဲလိုက်မိတဲ့ပန်းအိုးထဲမှာ အဖေ့ရဲ့လျှို့ဝှက်စုဆောင်းငွေတွေနဲ့ ပြည့်နေတာကို အမှတ်မထင်တွေ့ခဲ့တဲ့ မိန်းကလေး

လက်ထပ်ထိမ်းမြားခြင်းမှာ ကျွန်တော်တို့မမြင်နိုင်တဲ့ အခြားတစ်ဘက်ခြမ်းမှ လျှို့ဝှက်တဲ့အရာများစွာ ရှိပါတယ်။တရုတ်ပြည် Guangxi ပြည်နယ် Guilin မြို့က အိမ်ထောင်သည်မောင်နှံတစ်စုံအတွက် မမြင်နိုင်တဲ့လျှို့ဝှက်ချက်ဟာ ပိုက်ဆံတွေနဲ့ပြည့်နှက်နေတဲ့အလှပန်းအိုးတစ်လုံးဘဲ ဖြစ်နေခဲ့ပါတယ်။

အကြောင်းက ဇနီးဖြစ်သူဟာ အစပိုင်းတော့ ဧည့်ခန်းမှ အလှအိုးကွဲသွားတာကို နည်းနည်းလေးမှတောင် မလန့်သွားခဲ့ပါဘူး။ကွဲသွားတဲ့အိုးကို တွေ့တော့ ခင်ပွန်းဖြစ်သူက သူ့ရဲ့လျှိုဝှက်ငွေစုအားလုံးကို သိမ်းဆည်းဖို့ အဆိုပါအိုးကို သုံးနေတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ခင်ပွန်းဖြစ်သူက လျှို့ဝှက်စုဆောင်းငွေတွေကို ၂၀၀၆ ခုနှစ်တုန်းက အိမ်ဝယ်ပြီးနောက်မှာ စတင်စုဆောင်းခဲ့တာကြောင့် သူစုဆောင်းခဲ့လာတာ ၁၄နှစ်ကြာ တိတ်တခိုးနဲ့ ထိန်းသိမ်းလာခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူက “ ဒီပိုက်ဆံတွေက ငါ ခေါက်ဆွဲမစားဘဲ စုဆောင်းလာခဲ့တာ ငါ အခု ဖြစ်နေတဲ့ခံစားချက်ကြီးကလည်း မပြောပြတတ်တော့ဘူး” လို့ ဆိုပါတယ်။၎င်းငွေတွေအားလုံးဟာ စုစုပေါင်း ယွမ် ၅၀၀၀ ဝန်းကျင်ရှိပြီး အမေရိကန်ဒေါ်လာ ၇၄၀ ဝန်းကျင်ရှိပါတယ်။ကံကောင်းချင်တော့ ခင်ပွန်းက ဇနီးဆီကနေ အမျက်ဒေါသထွက်ခြင်း မခံလိုက်ရပါဘူး။တကယ်တော့ ဇနီးဖြစ်သူက အိုးကိစ္စကြောင့် အံ့အားသင့်နေခဲ့ရပါတယ်။

အဆိုပါခင်ပွန်းမှ မဟုတ် ကမ္ဘာတစ်ဝှမ်းက အိမ်ထောင်သည်အမျိုးသားတွေကလည်း ဘဏ် ၊ ဆုကြေး စတဲ့ သူ့ထပ် လျှို့ဝှက်လွန်းတဲ့နည်းလမ်းတွေနဲ့ ဇနီးသည်မသိအောင် တိတ်တခိုး ပိုက်ဆံခိုးစုနေတတ်ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*