မင်္ဂလာပွဲလာသူတိုင်းကို ထူးထူးဆန်းဆန်းပုံစံနဲ့ တည်ခင်းဧည့်ခံခဲ့တဲ့ စုံတွဲ

တစ်သက်မှာ တစ်ခါပဲ ဆောင်ရတဲ့ မင်္ဂလာပွဲကို လူတိုင်းက အကောင်းဆုံး ဖြစ်သွားစေချင်တဲ့ ဆန္ဒတွေချည်းပါပဲ။ တချို့ကလည်း ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနဲ့ မင်္ဂလာပွဲကို ကျင်းပချင်ကြသလို တချို့ကလည်း ရိုးရိုးရှင်းရှင်းနဲ့ ပကာသန မပါတဲ့ မင်္ဂလာပွဲလေးကို ကျင်းပချင်တဲ့ သူတွေလည်းရှိပါတယ်။

ဒါပေမယ့် သြစတေးရီးယားစုံတွဲ ကတော့ သူများနဲ့ မတူအောင် ထူးထူးဆန်းဆန်း အရာလေးတစ်ခု မင်္ဂလာပွဲမှာ ပြုလုပ်ခဲ့ပါတယ်။

ထို စုံတွဲတစ်တွဲဟာ မင်္ဂလာပွဲ လာတဲ့ ဧည့်သည်တွေကို ထူးထူးဆန်းဆန်း ဖြစ်သွားအောင် မက်ဒေါ်နယ်ရဲ့ ဟမ်ဘာဂါ အခု ၃၀၀ နဲ့ ကျွေးမွေးခဲ့ပါတယ်။ Andewနဲ့Nancy တို့စုံတွဲရဲ့ မင်္ဂလာပွဲကို ဝေးလ်နိုင်ငံရဲ့ တောင်ပိုင်းမှာရှိတဲ့ Terry Hills မှာ ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။

သူတို့စွဲတွဲဟာ မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်း မကျင်းပချင်ပဲ ဧည့်ခံပွဲလာတဲ့သူတွေကို အထူးအဆန်းလေး ဖြစ်သွားအောင် စဉ်းစားခဲ့ကြပါတယ်။ အာ့ဒီနောက်ပိုင်းမှာ မင်္ဂလာပွဲရဲ့ စီစဉ်သူ အကြံပေးတဲ့အတိုင်း ဧည့်ခံပွဲ လာသူတိုင်းကို မက်ဒေါ်နယ်ဆိုင်က ဟမ်ဘာဂါ အလုံး ၃၀၀ ကို ကျွေးမွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပရိသတ်ကြီးရော ဒီစုံတွဲလို ဆန်းဆန်းပြားပြား မင်္ဂလာပွဲ မျိုးလေး ကျင်းပချင်တဲ့ စိတ်ကူးလေးတွေရှိရင် Comment မှာ ဝေမျှခဲ့လို့ ရပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*