မင်္ဂလာပွဲမှာ သတို့သားက အခြားအမျိုးသမီးတစ်ဦးအတွက် သူ့ကို ထားသွားခဲ့တဲ့ပုံစံနဲ့ သီချင်းဆိုဖျော်ဖြေပေးနေခဲ့တဲ့ ဧည့်သည်တစ်ဦး(ရုပ်သံ)

မင်္ဂလာပွဲမှာ သတို့သားက အခြားအမျိုးသမီးတစ်ဦးအတွက် သူ့ကို ထားသွားခဲ့တဲ့ပုံစံနဲ့ သီချင်းဆိုဖျော်ဖြေပေးနေခဲ့တဲ့ ဧည့်သည်တစ်ဦး(ရုပ်သံ)

မင်္ဂလာဆောင်ပွဲ ၊ ရိုးရာပွဲ တွေမှာ လာရောက်ကြတဲ့ဧည့်သည်တော်တွေထဲမှာ လူရွှင်တော် နှစ်ယောက် လောက်တော့ အနည်းဆုံးပါနေတတ်ပါတယ်။၎င်းတို့က သူတို့တက်ရောက်ခဲ့တဲ့ပွဲတွေမှာ ပျော်စရာအမှတ်တရတစ်ခုအဖြစ် ကျန်နေခဲ့အောင် တစ်မျိုး မဟုတ် တစ်မျိုး လျှောက်လုပ်တတ်ကြပါတယ်။

ဒီ အင်ဒိုနီးရှားမင်္ဂလာဆောင်ပွဲတစ်ခုမှာလည်း ၎င်းလိုအဖြစ်မျိုးတွေ ဖြစ်ပျက်ခဲ့ပါတယ်။လူကြိုက်များတဲ့ အင်ဒိုနီးရှား အဆိုတော် Rossa ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ Hati yang kau sakiti (မင်းချိုးဖောက်ခဲ့တဲ့နှလုံးသား)” သီချင်းကို ဖျော်ဖြေသီဆိုနေခဲ့တဲ့ ဧည့်သည်တစ်ဦးဟာ သတို့သမီးနဲ့လက်ထက်လိုက်တဲ့သတို့သားက သူ့ရဲ့အသည်းကို ခွဲနေခဲ့တဲ့ပုံစံနဲ့ ဟန်ပန်အနေအထားအပြည့်နဲ့သရုပ်ဆောင်ရင်း သီချင်းဆိုနေခဲ့ပါတယ်။

၎င်းဖျော်ဖြေသူဟာ မိုက်ကိုဆွဲကာ သီချင်းသံကို ‘high note ’ သံဖြင့် စတင်သီဆိုရင်း သတို့သားက အခြားအမျိုးသမီးတစ်ဦးအတွက် သူမကို ထားရစ်ခဲ့သည်ကို ဘယ်လောက်ဝမ်းနည်းကြေကွဲနေရပုံကို ပြသဖို့ ဧည့်သည်တွေထိုင်နေတဲ့မင်္ဂလာခန်းမထဲကို ဖြတ်ပြီး ဟိုပြေးဒီပြေးနဲ့ သရုပ်ဆောင်ပြနေခဲ့ပါတယ်။နောက်ဆုံး သူ့ရဲ့ဖျော်ဖြေမှုအပြီးမှာ ပွဲလာဧည်သည်အားလုံးကလည်း သူ့ရဲ့သရုပ်ဆောင်ချက်တွေကြောင့် ရယ်မောသွားခဲ့ရပါတယ်။

၎င်းဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး netizen တစ်ဦးက အဆိုတော်ရဲ့ဖျော်ဖြေမှုမှာ သူဘယ်လောက်ရင်းနှီးမြုပ်နှံခဲ့ရပုံကို မြင်တွေ့ရတာကြောင့် အံ့အားသင့်မိကြောင်းကို မှတ်ချက်ပေးခဲ့ပါတယ်။“ သူတော်တော်လေး ကြိုးစားဆိုခဲ့ရပုံဘဲ” ၊ “ သူ မိုက်ကို ငုံလိုက်တာတော့ မဟုတ်ပါဘူးနော်” စတဲ့ ရယ်စရာမှတ်ချက်များစွာလည်း ပေးခဲ့ကြပါသေးတယ်။

တကယ်တော့ လူရွှင်တော်တွေရဲ့ဆန္ဒက သူတို့တက်ရောက်ခဲ့တဲ့ပွဲတွေမှာ အမှတ်တရကောင်းတွေ ကျန်ရှိနေဖို့ အတွက်ပါဘဲ။အခုအဆိုတော်လည်း ပွဲမှာ မဆိုခင် အိမ်မှာကတည်းက ကြိုးစားပမ်းစားလေ့ကျင့်ခဲ့ရပုံပါဘဲ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*