မင်္ဂလာပွဲမှာ တစ်စုံတစ်ခုလွဲမှားနေခဲ့တဲ့ သတို့သမီးအရံတွေရဲ့အဖြစ်

မင်္ဂလာပွဲမှာ တစ်စုံတစ်ခုလွဲမှားနေခဲ့တဲ့ သတို့သမီးအရံတွေရဲ့အဖြစ်

တရုတ်နိုင်ငံ ၊ Pingdingshan မြို့မှာ ရိုက်ကူးထားခဲ့တဲ့ video တစ်ခုဟာဆိုရင် social media ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ ရိုးရာဓလေ့အရ မင်္ဂလာဆောင်လျှင် သတို့သမီးအရံတွေမရှိမဖြစ်လိုအပ်ပေမဲ့ သူငယ်ချင်းအပေါင်းအသင်းမရှိတဲ့မိန်းကလေးတွေဆိုရင် အတော်လေးဒုက္ခရောက်ကြမှာပါ ။ ယခု video ထဲမှာ ဖော်ပြထားတဲ့ မင်္ဂလာပွဲဟာဆိုရင် သတို့သမီးအရံတွေ ပုံမှန်အတိုင်းမဟုတ်နေတာကို သတိထားမိကြမှာပါ ။ အကြောင်းကတော့ ယောင်္ကျားတွေက သတို့သမီးအရံလို ဝတ်ဆင်ထားပြီး ၊ ဆံပင်အတုတွေတပ်ဆင်ထားတဲ့အပြင် ၊ မိတ်ကပ်တွေပါ လိမ်းကျံ့ထားလို့ပါပဲ ။

မည်သည့်အကြောင်းကြောင့် အဆိုပါအမျိုးသားတွေဟာ သတို့သမီးအရံလို ဝတ်ဆင်ထားကြတာလဲဆိုတာကို မသိရပေမဲ့ ၊ သတို့သမီးအရံတစ်ယောက်ကတော့ သူ့အဖြစ်ကို အတော်လေးရှက်မိနေပြီး ခေါင်းကို မြေပြင်သို့ မကြာခဏငုံ့ကြည့်ကာ ရှက်နေခဲ့ပါတယ် ။ အဆိုပါ video ဟာ တရုတ်နိုင်ငံရဲ့ social media ပေါ်မှာ အတော်လေးပျံ့နှံ့နေခဲ့ပြီး အချို့ကတော့ အဆိုပါအမျိုးသားဟာ သတို့သမီးရဲ့အစ်ကိုဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြတဲ့အပြင် အချို့ကျတော့လည်း ငွေကြေးပေး ငှါးရမ်းထားသူတွေလို့ ပြောဆိုနေကြပါတယ် ။ သို့ပေမဲ့လည်း မြင်တွေ့ရခဲတဲ့ သတို့သမီးအရံတွေလို့ ပြောရမှာပါပဲ ။

Zawgyi




 

Be the first to comment

Leave a Reply

Your email address will not be published.


*