မင်္ဂလာပွဲမှာ ငိုယိုနေသည့် သတိုးသား၏ရည်းစားဟောင်းကို သတိုးသား၏မိခင်က အားပေးနှစ်သိမ့်ကာ ချော့မော့ပေးခဲ့ရသည့်အဖြစ်

မင်္ဂလာပွဲမှာ ငိုယိုနေသည့် သတိုးသား၏ရည်းစားဟောင်းကို သတိုးသား၏မိခင်က အားပေးနှစ်သိမ့်ကာ ချော့မော့ပေးခဲ့ရသည့်အဖြစ်

တစ်ဦးနှင့်တစ်ဦး အမှန်တကယ်ချစ်မြတ်နိုးသူ စုံတွဲတိုင်းသည် သာယာလှပသော မင်္ဂလာပွဲလေးနှင့်အတူ အစချီကာ ဘဝကိုဖြတ်သန်းလိုကြသည်။တစ်ဦးနှင့်တစ်ဦး နက်နက်ရှိုင်းရှိုင်းပင် ချစ်မြတ်နိုးသော်လည်း လုံလောက်မှုအချို့လိုအပ်သည့်အခါမျိုးတွင် လက်မထပ်နိုင်ဘဲ အဆုံးသတ်သွားရတတ်ပေသည်။

 

ယခုတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် ပေါင်းစည်းခွင့်မရခဲ့သော အင်ဒိုနီးရှားမှ စုံတွဲလေး၏အဖြစ်သည် အခြားလူများကို စာနာသနားမိစေခဲ့သည်။ကောင်မလေးသည် ချစ်သူကောင်လေးဟာ အခြားသူတစ်ယောက်နှင့် လက်ထပ်သွားခဲ့သောကြောင့် အလွန်ဝမ်းနည်းသွားခဲ့ရပြီး မင်္ဂလာပွဲတွင် လာရောက်ငိုယိုနေခဲ့ပါတယ်။

ထိုအခါ သတိုးသားကောင်လေး၏ မိခင်ဖြစ်သူသည် ကောင်မလေးအား ဝမ်းနည်းနေမှုသက်သာသွားစေရန် နှစ်သိမ့်ပေးခဲ့ရပါတယ်။သတိုးသားမိခင်၏ အပြုအမူဟာ အလွန်လေးစားဖွယ်ကောင်းလှတယ်ဟုဘဲ ဆိုရမှာဖြစ်ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*