မင်္ဂလာပွဲမှာအပျော်လွန်ပြီး အားရပါးရကနေစဉ် သတို့သမီးရဲ့မျက်နှာကို ခြေထောက်နဲ့ကန်စောင့်မိခဲ့လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတဲ့ သတို့သား (ရုပ်သံ)

မင်္ဂလာဆောင်ပွဲဆိုတဲ့အတိုင်း သတို့သား ဒါမှမဟုတ် သတို့သမီးက ပွဲမှာ ထာဝရအမှတ်ရစေမယ့်ထူးဆန်းတဲ့အရာတစ်မျိုးမျိုးလုပ်တတ်ကြတာကို တွေ့ဖူးကြမှာပါ။

အခုလည်း ပရော်ဖက်ရှင်နယ်ရေခဲဟော်ကီကစားသမားတစ်ဦးဖြစ်တဲ့ Adam Gaudette အမည်ရှိသတို့သားတစ်ဦးဟာ သူတို့ရဲ့မင်္ဂလာပွဲမှာ Micaela အမည်ရှိတဲ့သူ့ရဲ့သတို့သမီးကို ချစ်ဖို့ကောင်းတဲ့ကာမစိတ်ခံစားမှုတစ်ခုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမယ့် သတို့သားဟာ သူ့ရဲ့သတို့သမီးအသစ်လေးအား အပေါ်ပိုင်းအဝတ်ဗလာနဲ့ အကဖျော်ဖြေနေတုန်း သတို့သမီးရဲ့ညာဘက်ပါးပြင်ကို ခြေထောက်နဲ့ မတော်တဆကန်မိသွားခဲ့ပါတယ်။အဲ့တာနဲ့ ဆိုးဆိုးရွားရွား ဖြစ်သွားရတဲ့ရလဒ်ကြောင့် မင်္ဂလာပွဲကို ခနရပ်ထားလိုက်ရပါသေးတယ်။

အဲ့တာထပ်ပိုဆိုးတာက မင်္ဂလာပွဲဧည့်သည်တွေက အဖြစ်အပျက်တစ်ခုလုံးကိုရိုက်ကူးထားခဲ့ပြီး ဟာသတစ်ခုဖြစ်သွားစေဖို့ သူတို့ရဲ့ရိုက်ချက်ဗီဒီယိုတွေကို TikTok မှာဝေမျှခဲ့ပြီးနောက် အဆိုပါဗီဒီယိုဟာ လူသိများကျော်ကြားသွားခဲ့ပါတယ်။သတို့သား ဟော်ကီကစားသမားလေးက သိသိသာသာအရှက်ကွဲသွားခဲ့ပြီး သတို့သမီးကိုအမြန်ပြန်တောင်းပန်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း သတို့သမီးကတော့အပျော်မပြတ်ဘဲ သူ့ကိုချက်ချင်းခွင့်လွှတ်ပေးခဲ့ပြီး သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက်အနမ်းတွေပေးခဲ့ကြပါတယ်။ဒါပေမဲ့ ဇွန်လကတည်းကရိုက်ကူးထားခဲ့တဲ့အခုဗီဒီယိုကတော့ အခုအချိန်အထိ onlineမှာ ဟာသတစ်ခုအဖြစ် လူပြောများနေပါသေးတယ်။

သတို့သားက အရမ်းစိတ်လှုပ်ရှားလွန်းပြီး အပျော်လွန်မိတော့ ဇနီးအသစ်လေးကိုတောင် ခြေထောက်နဲ့ကန်မိသွားပုံပါဘဲ။ကံကောင်းချင်တော့ သတို့သမီးက ဧည့်သည်တိုင်းစိတ်အေးသွားအောင် ချက်ချင်းလုပ်ပေးနိုင်ခဲ့ပြီး သူမအတွက်တော့အကောင်းဆုံးမဟုတ်တာသေချာပေမယ့် သူတို့ကိစ္စကို အဆင်ပြေပြေနဲ့ ကျော်လွှားနိုင်ခဲ့ပါတယ်။

”ငါဘာမှမဖြစ်လို့ထင်ပေမဲ့ ခေါင်းမူးနေခဲ့တယ် ပြီးတော့ ရေချိုးခန်းထဲသွားခိုးငိုနေခဲ့ရတယ်၊သူလည်းစိတ်မကောင်းဖြစ်ခဲ့ရတယ်၊ ဒါပေမယ့်လည်း ညနေခင်းပါတီကို မနက် ၈ နာရီအထိ ငါတို့ရဲ့အကောင်းဆုံးသူငယ်ချင်းတွေနဲ့အတူ ပျော်ခဲ့ကြတယ်” လို့ သတို့သမီးက ဆိုထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*