
မင်္ဂလာပွဲတွင် သတိုးသမီးဝတ်စုံကိုသာ ဝတ်ဆင်လိုသောကြောင့် ချစ်သူကို ဝတ်စုံတောင်းလဲကာ ဝတ်ဆင်ခဲ့သည့် အမျိုးသား၏ ရယ်စဖွယ်ဖြစ်ရပ်
လူတိုင်းသည် မိမိ၏ ချစ်သူလေးနှင့်အတူ ခမ်းနားကြီးကျယ်သော မင်္ဂလာခန်းမကြီးဖြင့် လူအများ၏ အလယ်တွင် မင်္ဂလာဆောင်ချင်ကြသည်။မင်္ဂလာပွဲတွင်လည်း ချစ်သူနှစ်ဦး၏ ဘဝအတွက် မမေ့နိုင်စရာကောင်းသော အမှတ်တရလေးတွေကို ဖန်းတီးလိုကြပေသည်။
ယခုတွင်တော့ စုံတွဲနှစ်ဦး၏ မင်္ဂလာပွဲအတွက် အမှတ်တရဖန်တီးပုံမှာ လူအများအားလုံးကို အံအားသင့်စေခဲ့ရပါတယ်။မင်္ဂလာပွဲတွင် သတိုးသားဖြစ်သူဟာ ချစ်သူကောင်မလေး၏ မင်္ဂလာဝတ်စုံကိုမှ ဝတ်ဆင်ချင်နေခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့်ပင် မင်္ဂလာပွဲတွင် သတိုးသားနှင့် သတိုးသမီးတို့ဟာ ဝတ်စုံကို လဲဝတ်ခဲ့ကြပါတယ်။လဲဝတ်ခဲ့ကြသည့်အချိန်တွင် သတိုးသားဟာ အနည်းငယ်ဝနေသည့်အတွက် ဝတ်စုံမှာ အနည်းငယ်သေးနေခဲ့ပြီး ရယ်စရာကောင်းနေခဲ့ပါတယ်။
ပွဲလာ ပရိတ်သတ်များဟာလည်း သူတို့နှစ်ဦး၏ ပုံကို ကြည့်ပြီးအလွန်သဘောကျကာ ရယ်မောနေခဲ့ပါတယ်
Leave a Reply