မင်္ဂလာပွဲကျင်းပလျှင် အလုပ်မှ ခွင့်၈ရက်ပေးသောကြောင့် တစ်လထဲနှင့် ၄ကြိမ်ကွာရှင်းကာ ၄ကြိမ်မင်္ဂလာဆောင်ပြီး တစ်လလုံးအလုပ်မသွားရအောင် ပြုလုပ်ခဲ့သည့် အမျိုးသား

မင်္ဂလာပွဲကျင်းပလျှင် အလုပ်မှ ခွင့်၈ရက်ပေးသောကြောင့် တစ်လထဲနှင့် ၄ကြိမ်ကွာရှင်းကာ ၄ကြိမ်မင်္ဂလာဆောင်ပြီး တစ်လလုံးအလုပ်မသွားရအောင် ပြုလုပ်ခဲ့သည့် အမျိုးသား

ထိုင်ဝမ်နိုင်ငံမှ အမျိုးသားတစ်ဦးဟာတော့ လူတိုင်းအံသြသွားစေမယ့်အကွက်နှင့်အတူ တစ်လလုံး အလုပ်မသွားဘဲ လစာရရှိခဲ့ပါတယ်။ထိုင်ဝမ်နိုင်ငံတွင် ဝန်ထမ်းအလုပ်သမားများအတွက် ကာကွယ်ရေးဥပဒေများကို ထုတ်ပြန်ထားခဲ့ပြီး ဥပဒေတွင် ဝန်ထမ်းတစ်ဦး မင်္ဂလာဆောင်လျှင် ခွင့်၈ရက်ပေးရမည်ဟု ပါရှိခဲ့ပါတယ်။

ထို့ကြောင့် ထိုင်ဝမ်မှအမျိုးသားတစ်ဦး ဘဏ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေရင်းမှ မိန်းကလေးတစ်ဦးနှင့် လက်ထပ်ပြီး ခွင့်၈ရက်ရရှိခဲ့ပါတယ်။ထို့နောက်တွင် မိန်းကလေးနှင့် ကွာရှင်းပြတ်ဆဲပြီး အခြားသူနှင့် မင်္ဂလာဆောင်ခဲ့ပါတယ်။

အမျိုးသားဟာ ကွာရှင်းခြင်းရှင့် မင်္ဂလာဆောင်ခြင်းကို တစ်လတည်း ၄ကြိမ်ပြုလုပ်ပြီး တစ်လလုံးအလုပ်မသွားရအောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် ဘဏ်ဟာလည်း တစ်လလုံခွင့်ပေးပြီးနောက်တွင် နောက်ထပ်ခွင့်မပေးချင်သောကြောင့် အစိုးရကို စာတင်ကာ အကြောင်းစုံရှင်းပြပြီး ဝန်ထမ်းအား အရေးယူပေးရန် တောင်းဆိုရပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*