မင်္ဂလာဆောင်ရန် အငြင်းပွားနေကြတဲ့ အမျိုးသမီးနှစ်ဦးကို တစ်ချိန်တည်းမှာဘဲ လက်ထပ်ယူခဲ့တဲ့ အမျိုးသား

မင်္ဂလာဆောင်ရန် အငြင်းပွားနေကြတဲ့ အမျိုးသမီးနှစ်ဦးကို တစ်ချိန်တည်းမှာဘဲ လက်ထပ်ယူခဲ့တဲ့ အမျိုးသား

အသက် ၂၂ နှစ်အရွယ် Razul Timbukong အမည်ရှိ အမျိုးသား နဲ့ အသက် ၂၀ နှစ်ရှိ Jarah Mendoza Labangin အမျိုးသမီးတို့ဟာ အချိန်အတန်ကြာချစ်ကြိုက်နေကြပြီး ဖိလစ်ပိုင်နိုင်ငံ၊ Lutayan ပြည်နယ်ရှိ Barangay Sampao မြို့မှာ နောက်ဆုံးတော့ ထုံးတမ်းစဉ်လာအရ လက်ထပ်ယူရန် ဆုံးဖြတ်လိုက်ကြပါတယ်။ မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်နေစဉ် ၂၄ နှစ်အရွယ် Thelma Guipal လို့ခေါ်တဲ့ အမျိုးသမီးက ထိုနေရာကို ဝင်လာခဲ့ပါတယ်။ Timbukong ကို Labangin ကို လက်ထပ်ရန် Guipal က ခွင့်မပြုခဲ့ပါဘူး။ Timbukong ဟာ Labangin နဲ့ ချစ်မြတ်နိုးကြောင်းကို လူတိုင်းသိသော်လည်း Guipal က သူမနဲ့ Timbukong တို့ဟာ အရင်က ကတိပေးတာကို အခိုင်အမာပြောခဲ့တာဟာ အမှန်ပင်ဖြစ်ပါတယ်။

Guipal ရဲ့ ဖွင့်ဟချက်များကြောင့် ဒေါသထွက်နေတဲ့ Labangin ရဲ့ မိဘများတွေ သူတို့ရဲ့သမီးကို Timbukong နဲ့လက်ထပ်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့သော်လည်း သတို့သားရဲ့မိဘတွေ့ကလည်း တူညီတဲ့ဒေါသထွက်နေကြပြီး သူတို့ကပိုက်ဆံအမြောက်အမြားသုံးစွဲထားပြီးဖြစ်တဲ့အတွက် အခက်တွေ့နေကြပါတယ်။ သို့ပေမဲ့ Guipal က Timbukong ဟာ သူမနဲ့လက်ထပ်မယ်ဆိုတဲ့ သူရဲ့ကတိကဝတ်ကို ပယ်ဖျက်မယ်ဆိုရင် Php120,000 (ဒေါ်လာ ၂,၅၇၀) ကို တောင်းဆိုခဲ့တာကြောင့် နောက်ဆုံးမှာ ထိုမိန်းကလေးနှစ်ဦးစလုံးကို လက်ထပ်ရန် ဆုံးဖြတ်ချက်ချခဲ့လိုက်ပါတယ်။ မင်္ဂလာဆောင်ပွဲကို သူတို့ရဲ့ဇာတိမြို့မှာ ကျင်းပခဲ့ပြီး ထိုသုံးဦးဟာ အတော်အတန်ငြိမ်သက်အေးချမ်းစွာနေခဲ့ရပါတယ်။

Zawgyi




Be the first to comment

Leave a Reply

Your email address will not be published.


*