
မင်္ဂလာဆောင်ပွဲအတွင်းမှာ သတို့သမီးနဲ့ သူမရဲ့ရည်းစားဟောင်းတို့နှစ်ဦး ငိုကြွေးကာ ပွေ့ဖက်နေကြတာကို ဒေါသမထွက်ဘဲ စောင့်ကြည့်နေခဲ့တဲ့ သတို့သား
မကြာသေးမီက Facebook ရဲ့ AkocAne Kulitz FUN စာမျက်နှာတစ်ခုမှာ ဝေမျှခဲ့တဲ့ပို့စ်ဟာ မင်္ဂလာဆောင်ပွဲအတွင်း သတို့သမီးနဲ့ သတို့သား တို့ရဲ့ဘေးက အမျိုးသားတစ်ဦးဟာ ငိုယိုနေခဲ့တာကို တွေ့မြင်နေရပါတယ်။ မင်္ဂလာဆောင်ဧည့်ခံပွဲမှာ စင်မြင့်ပေါ်က ထိုအမျိုးသားနဲ့ သတို့သမီးရဲ့ အဖြစ်အပျက်ကို များစွာသောလူတွေက ဓာတ်ပုံရိုက်နေကြပါတယ်။
ဗီဒီယိုထဲမှာ ရည်းစားဟောင်းဖြစ်သူ သတို့သမီးကို စကားပြောနေချိန်မှာ သူရင်ဖွင့်ပြောဆိုတာလည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး ကောင်လေးငိုနေချိန်မှာ သတို့သမီးကလည်း ငိုယိုနေပါတော့တယ်။သူတို့နှစ်ဦးရဲ့အဖြစ်ကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ တစ်ဦးကို တစ်ဦး လက်မလွတ်နိုင်သေးဘဲ အလွန်ချစ်နေဆဲဆိုတဲ့ အချက်က ထင်ရှားနေပါတယ်။ အဲ့ဒီနောက် ရည်းစားဟောင်းဖြစ်သူက သတို့သမီးရဲ့လက်ကို လက်စွပ်လေး စွပ်ပေးခဲ့ပြီး သူမက သူ့ကိုပွေ့ဖက်နေခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့လုပ်ရပ်က သတို့သားကို စော်ကားရာရောက်နေပါတယ်။ ဒါပေမယ့် သတို့သားက အပြင်ပန်းအားဖြင့် ဒေါသထွက်ဟန်မရှိတာကြောင့် အခြေအနေကို ပုံမှန်အတိုင်းပင်ကိုင်တွယ်ခဲ့တာကို လူတိုင်းကဝမ်းသာကြပါတယ်။ များစွာသောလူတွေကတော့ ယခင်ချစ်သူနှစ်ဦးရဲ့ မင်္ဂလာဆောင်ပွဲကို ၎င်းပြုမှုခြင်းမှ ပိတ်ပင်လိုက်ပြီး ခင်ပွန်းရဲ့နောက်ကွယ်က သတို့သမီးနဲ့ သူမရည်စားဟောင်းရဲ့ ဆက်နွှယ်မှုကို ဆက်လက်မပြုလုပ်ဖို့ မျှော်လင့်နေကြပါတယ်။
Zawgyi
Leave a Reply