မင်္ဂလာဆောင်ပွဲမှာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ စက္ကူဂါဝန်နဲ့သာ ဝတ်ဆင်ပြီး မင်္ဂလာဆောင်ခဲ့တဲ့ သတို့သမီး

မင်္ဂလာဆောင်ပွဲမှာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ စက္ကူဂါဝန်နဲ့သာ ဝတ်ဆင်ပြီး မင်္ဂလာဆောင်ခဲ့တဲ့ သတို့သမီး

မင်္ဂလာဆောင်ပွဲကိုစီစဉ်တာက အရမ်းကိုဗျာများပြီး အကုန်ကျတွေလည်း အများကြီးအကုန်ခံရပါတယ်။ သို့ပေမဲ့လည်း ပါးနပ်တဲ့ သတို့သမီးတစ်ဦးက သူမရဲ့ မင်္ဂလာဆောင်နေ့မှာ ငွေကြေးအများကြီးမကုန်အောင် အထူးကောင်းမွန်တဲ့ နည်းကို စီမံခဲ့ပါတယ်။ သူမဟာ ပွဲတက်ဂါဝန်ကို စက္ကူနဲ့ အမိုက်စား ပြုလုပ်ဖန်တီးခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံ၊ Quezon မြို့မှာ နေထိုင်တဲ့ Maricel Capinig Abano အမည်ရှိ ကလေးအမေဟာ Ronald Lucena Mata အမည်ရှိ အမျိုးသားတစ်ဦးနဲ့ ရုတ်တရက်မင်္ဂလာဆောင်ပွဲ စီစဉ်ခဲ့တာကြောင့် ငွေကြေးတွေလုံလုံလောက်လောက်မရှိခဲ့ရာမှ သတို့သမီးက ပွဲတက်ဂါဝန်အတွက် သူမနှစ်သက်တဲ့ပုံစံကို စက္ကူနဲ့သာ ပြုလုပ်လိုက်တာပါ။

စိတ်ဝင်စားစရာကောင်းစွာနဲ့ အဲ့ဒီ ဝတ်စုံကို ၃ရက်တည်းအချိန်ယူပြုလုပ်ရပါတယ်။ Maricel က သူမရဲ့ ဂါဝန်ဒီဇိုင်းတွေဟာ သုံးရက်အတောအတွင်းပြီးတာက သူမသူငယ်ချင်းတွေ ကူညီခဲ့လို့ ဒီလိုလျင်လျင်မြန်မြန်နဲ့ပြီးရတာပါဆိုပြီး ဝန်ခံပြောဆိုခဲ့ပါတယ်။ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဦးထုပ်လည်းပါပြီး ပါးနပ်တဲ့သတို့သမီးရဲ့ ပန်းစည်းလေးက ရောင်စုံကာလာစက္ကူတွေနဲ့သာ ပြုလုပ်ထားတာပါ။

ဝတ်စုံလေးဟာ ကမ္ဘာတစ်ဝန်းက Netizen တို့ရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ Maricel က သူ့ရဲ့သူငယ်ချင်းတွေအတွက်ရော မိသားစုတွေအတွက်ပါ စက္ကူတွေနဲ့ အလှဆင်ပေးခဲ့ပါတယ်။ သူမရဲ့ သမီးလေးက စက္ကူနဲ့ ပြုလုပ်ထား စကတ်လေးကို ဝတ်ဆင်ထားပါတယ်။

ဒါဆိုရင် ခင်ဗျားရဲ့မင်္ဂလာဆောင်ပွဲရောက်ရင် ငွေအမြောက်အမြား ကုန်ကျခံစရာမလိုဘဲ သူမလို လှပတဲ့ စက္ကူဂါဝန်လေးနဲ့ဘဲ မင်္ဂလာဆောင်နိုင်ပါပြီနော်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*