
မင်္ဂလာဆောင်ပြီး 2 ပတ်အကြာမှ ဇနီးသည်က ယောင်္ကျားဖြစ်နေမှန်း သိခဲ့ရတဲ့အမျိုးသား
Uganda နိုင်ငံ မှာနေထိုင်တဲ့အမျိုးသားတစ်ဦးဟာ လက်ထပ်ပြီး 2 ပတ်အကြာမှ ဇနီးသည်က ယောင်္ကျားဖြစ်နေမှန်းသိခဲ့ရလို့ အံ့သြထိတ်လန့်ခဲ့ရပါတယ် ။ Mohammed Mutumba အမည်ရှိတဲ့အမျိုးသားဟာ မိန်းမဟန်ဆောင်ထားတဲ့ Swabullah Nabukeera ဆိုသူကို ရိုးရာဓလေ့အတိုင်း လက်ထပ်ထိမ်းမြားခဲ့တဲ့အပြင် စာချုပ်နှင့်တကွ လက်မှတ်ထိုး လက်ထပ်ခဲ့သူပါ ။ ဇနီးသည်က ယောင်္ကျားဖြစ်နေမှန်း အိမ်နီးနားချင်းတွေကြောင့် သိခဲ့ရတာပါ ။
အကြောင်းကတော့ ဇနီးဖြစ်သူက အိမ်နီးနားချင်းရဲ့ပစ္စည်းကိုခိုးယူခဲ့ပြီး နံရံခုန်ကျော်ကာထွက်ပြေးနေရင်းမိခဲ့တာပါ ။ နောက်ဆုံး စစ်ဆေးကြည့်မှMohammed ရဲ့ဇနီးဟာ ယောင်္ကျားဖြစ်မှန်းသိခဲ့ကြတာပါ ။ Mohammed ဟာလည်း မင်္ဂဆောင်ပြီးကတည်းက ဇနီးသည်က ရာသီလာနေကြောင်း ပြောဆိုခဲ့လို့ ယခုချိန်ထိ အတူမနေရသေးလို့ ယောင်္ကျားဖြစ်မှန်း မသိခဲ့ရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။
ရဲအရာရှိတွေထံတိုင်ကြားပြီး စစ်ဆေးခဲ့ချိန်မှာတော့ ဇနီးဖြစ်သူဟာ အသက် 27 နှစ်အရွယ် အမည်ရင်း Richard Tumushabe ဆိုသူဖြစ်ကြောင်း သိခဲ့ရပါတယ် ။ Tumushabe ဟာ Mohammed ထံမှ ပိုက်ဆံ နှင့် ပိုင်ဆိုင်မှုတွေကို ရရှိချင်လို့ ယခုလိုလိမ်ညာခဲ့မိတာဖြစ်ကြောင်း ၊ အဒေါ်ဖြစ်သူက ကူညီခဲ့လို့ မင်္ဂလာပွဲ အစီအစဉ်အောင်မြင်ခဲ့တာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ် ။
Leave a Reply