မင်္ဂလာဆောင်နေရင်း သတို့သားအား လျစ်လျူရူကာ သူမရဲ့ laptop ဖြင့်သာ အလုပ်ရှုပ်နေခဲ့တဲ့ သတို့သမီးတစ်ဦး

မင်္ဂလာဆောင်နေရင်း သတို့သားအား လျစ်လျူရူကာ သူမရဲ့ laptop ဖြင့်သာ အလုပ်ရှုပ်နေခဲ့တဲ့ သတို့သမီးတစ်ဦး

ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးမှာ ကျွန်တော်တို့နှင့်အတူတူရှိနေနိုင်မယ့်တစ်ယောက်သောသူနှင့် တရားဝင် “ထာဝရ” အဖြစ် စတင်မဲ့ special day ဆိုတဲ့ မင်္ဂလာဆောင်မဲ့နေ့ထူးနေ့မြတ်ကို အထူးမျှော်လင့်နေတတ်ကြပါတယ်။သို့ပေမဲ့ အရေးကြီးတဲ့အလုပ်က ၎င်းနေ့နဲ့တိုက်နေခဲ့ရင်ကော သင့်အနေနဲ့ ဘယ်လိုလုပ်ဖို့ စဉ်းစားမိမှာပါသလဲ။ခုလည်း RachFeed သတင်းမှ ဖော်ပြတဲ့သတင်းတစ်ခုမှာ အိန္ဒိယနိုင်ငံရှိ သတို့သမီးတစ်ဦးဟာ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် သူမဟာ သူမရဲ့သတို့သားကို လျစ်လျူရူကာ သူမရဲ့ အလုပ်အတွက် laptop မှာသာ အာရုံရောက်နေခဲ့တာကြောင့် ၎င်းကိစ္စနှင့်ပတ်သက်ပြီး online မှ လူအများစုထံမှ ကွဲပြားတဲ့တုံ့ပြန်မှုများစွာကို ရရှိကာ လူသိများသွားခဲ့ပါတယ်။

“ သင်ဟာ အလုပ်ရဲ့ဖိအားပေးမှုအောက်ကို ရောက်နေပြီလို့ ထင်လျှင် ဒီဟာကို ကြည့်လိုက်ပါ” ဟု Twitter အသုံးပြုသူ @ dineshjoshi70 က ၎င်းကဲ့သို့ caption ကို တပ်ကာ ၎င်းဗီဒီယိုကို မျှဝေပေးခဲ့ပါတယ်။ထို့နောက် Social media အသုံးပြုသူများဟာ ၁၃ စက္ကန့်ခန့်ကြာတဲ့ ၎င်းclip ကိုကြည့်ပြီးနောက် သူတို့၏ခံစားချက်ကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

“ဒီဟာ အလုပ်ရဲ့ ဖိအားမဟုတ်ပါဘူး ၊၎င်းက လောဘကြီးတဲ့ ကုမ္ပဏီတစ်ခု သို့မဟုတ် မတတ်သာတဲ့ ၀ န်ထမ်းတစ်ဦး သို့မဟုတ် ၎င်းတို့နှစ်ခုလုံးကို ပေါင်းစပ်ထားခြင်းပါ၊၎င်းပုံစံဖြင့် သင့်၏ကုမ္ပဏီသို့မဟုတ် သင်၏၀န်ထမ်းများအား အခြေခံစံနှုန်းအဖြစ် မသတ်မှတ်ပါနှင့်” ဟု @ArpitChokhani က မှတ်ချက်ပေးခဲ့ပါတယ်။

“ အဲ့တာက ပုံမှန်အိန္ဒိယလူမျိုးတို့ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်လုပ်ပုံပါဘဲ” လို့ @Anil4Joseph ကလည်း မှတ်ချက်ပေးခဲ့ပါတယ်။“ မင်္ဂလာပွဲဟာ လူတိုင်းအတွက် special time ပါဘဲ ၊ ကုမ္ပဏီအနေနဲ့ ၎င်းလိုနေ့မျိုးမှာ မိမိရဲ့ဝန်ထမ်းအား laptop ဖွင့်ပြီး အလုပ်လုပ်ခိုင်းရင်တော့ ကုမ္ပဏီကိုသာ ပိတ်ပစ်လိုက်ပါ၊ ဝန်ထမ်းအနေနဲ့ ကလည်း ထိုကဲ့သို့နေ့မျိုးမှာ ကုမ္ပဏီရဲ့အမိန့်ကို မနာခံသင့်ဘူးလို့ အကြံပေးချင်တယ်” လို့ @GoldenLeafIT က ဆက်လက် မှတ်ချက်ပေးခဲ့ပါတယ်။“ သူမရဲ့သူဌေးထံသို့ အစီရင်ခံစာများ မပေးပို့ပါစေနဲ့လို့ဘဲ မျှော်လင့်တယ်” လို့ @ factfinder1970 ကလည်း မှတ်ချက်ပေးခဲ့ပြန်ပါတယ်။

လူအချို့ကလည်း သတို့သမီးအတွက် ခုခံကာကွယ်ကာ နောက်ကွယ်က အမှန်တရားကို သေချာမသိရဘဲနဲ့ အင်တာနက်မှ လက်လွတ်စပယ်ဆုံးဖြတ်ခြင်းကို ရပ်တန့်ပေးကြရန် ပြောဆိုနေခဲ့ကြပါတယ်။

ထို့ပြင် “ ဒီနေ့ခေတ်မှာ ငါတို့ဟာ အလုပ်နှင့်ဘဝရဲ့မျှတမှုအကြောင်းကို ပြောနေတတ်ကြတယ်၊ ဒါကြောင့် သူမက ဖိအားကိုကိုင်တွယ်နေသလို ပုံစံမျိုးပေါက်နေတာပေါ့ ၊ ဘာလို့လဲဆိုတော့ သူမက မင်္ဂလာဆောင်မှာလက်တော့ပ်ကို သုံးဖို့အကြောင်းပြချက်တွေ အများကြီးရှိပါတယ်၊သူမက သူမရဲ့ရပ်ဝေးဆွေမျိုးများနှင့် video call ခေါ်ဆိုဖို့ ကြိုးစားနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ” လို့ @Anuragt1991 က သတို့သမီးအတွက် ပြောဆိုပေးခဲ့ပါတယ်။သို့ပေမဲ့ ၎င်းဗီဒီယို clip နှင့်ပတ်သက်ပြီး အဆိုပါစုံတွဲမှ ပြန်လည်ဖြေရှင်းထားတဲ့ထုတ်ပြန်ချက်မျိုးကို ယခုချိန်ထိမတွေ့ရှိရသေးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*