
မင်္ဂလာဆောင်စရိတ်သက်သာတယ်ဆိုပြီး ပတ်ဝန်းကျင်ဧ။်ဝေဖန်ပြောဆိုခြင်းတွေကို ခံနေရသော ဇနီးမောင်နှံ
ဖိလစ်ပိုင်နိုင်ငံမှ Jeffreyနှင့်Marivicအမည်ရှိသော ဇနီးမောင်နှစ်ဦးသည် မင်္ဂလာဆောင်အကြိုဓာတ်ပုံကို ထူးခြားစွာဖြင့် ကတ်ထူပုံးကို ဝတ်ဆင်ကာ အရိုဆုံးပုံစံများနှင့် ဓာတ်ပုံရိုက်ခဲ့ကြသည်။
သူတို့နှစ်ဦးသည် ဂုဏ်ငွေ ပကာသနတစ်ခုမှမပါပဲ အခက်အခဲလေးတွေရှိတဲ့ကြားက နှစ်ယောက်တူတူလက်တွဲ ရင်ဆိုင်သွားဖို့ရာ ရည်ရွယ်ချက်ဖြင့် ရိုက်ခဲ့သည်။
သို့သော်လည်း တစ်သက်မှာတစ်ခါသာ ကျင်းပရသည့်မင်္ဂလာပွဲကိုတော့ ထိုကဲ့သို့သော လေးနက်မှုမရှိသည့် အပြုအမူမျိုးနှင့် မလုပ်သင့်ကြောင်းကို အများမှ ကဲ့ရဲ့ပြောဆိုခဲ့ကြသည်။
ထို့အတူ သူတို့ဇနီးမောင်နှံဧ။် ဓာတ်ပုံလေးများသည် လိုင်းပေါ်တွင် အတော်လေးပျံ့နှံ့သွားခဲ့ရာ အချို့က မင်္ဂလာဆောင်စရိတ်အရမ်းကုန်ကျနေအုံးမည်ဟု စနောက်လှောင်ပြောင် ခဲ့ကြသည်။
Zawgyi
Leave a Reply