မင်္ဂလာဆောင်ခါနီး ချစ်သူမိန်းကလေးအား အခြားတစ်ယောက်နှင့် ဖောက်ပြန်နေသည်ကို သိရှိခဲ့ရ၍ ဖိတ်စာများအားမီးရှို့ပစ်လိုက်သော အမျိုးသား

လောကကြီးတွင် အရမ်းချစ်ကြသည့် ချစ်သူစုံတွဲများပင် အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာရပြီး အနာကျင်ရဆုံး ကွဲကွာခြင်းကတော့ ကိုယ်နှင့်တွဲနေပြီး အခြားတစ်ယောက်နှင့် ဖောက်ပြန်နေခြင်းပင် ဖြစ်သည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲသည် အရမ်းချစ်ခဲ့ကြပြီး လက်ထပ်ရန်အထိ အကုန်လုံး စီစဉ်ထားပြီးမှ မထင်မှတ်ပဲ နာကျည်းချက် အမုန်းများနှင့် အဆုံးသတ်ကာ ကွဲကွာခဲ့ရသည်။

အကြောင်းမှာ မင်္ဂလာဆောင်ဖို့ တစ်ရက်နှစ်ရက်အလိုလေးတွင် ချစ်သူမိန်းကလေးသည် အခြားတစ်ယောက်နှင့် ဖောက်ပြန်နေခဲ့သည်မှာ အချိန်တော်ကြာ ရှိနေခဲ့သည်ကို သိရှိသွားသော သတို့သားလောင်း ကောင်လေးသည် အလွန်စိတ်ပျက် ဝမ်းနည်းကြေကွဲခဲ့ရသည်။

ထို့ကြောင့် ကောင်လေးသည် သူ့ကိုအရမ်းချစ်သည်ဟုထင်ခဲ့ရာ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့၍ မင်္ဂလာပွဲအား ဖျက်သိမ်းခဲ့ပြီး ရိုက်ထားသော မင်္ဂလာဖိတ်စာများကို ရင်နာနာနှင့် မီးရှို့ပစ်ခဲ့တော့သည်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*