“မချစ်လို့ ပစ်ထားတယ်” ဆိုပြီး စိတ်ကောက်နေသော သမီးလေးအား စိတ်ရှည်ရှည်နှင့် ပြန်လိုက်ချော့နေသည့် ဖခင်
လောကကြီးရှိ မိသားစုတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် အခန့်မသင့်ပဲ အမြဲရန်ဖြစ် စကားများကြသော်လည်း အနားမှာမရှိရင် ရှာတတ်ပြီး “မတည့်အတူနေ မမြင်ချောင်းကြည့်” ဆိုသည့် စကားအတိုင်း ရင်ထဲမှာတော့ တန်ဖိုးထားရှိတတ်ပါသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ သားအဖနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက် ကြင်နာကြပြီး အရမ်းချစ်ကြရာ တစ်နေ့တွင် အဘိုးဖြစ်သူမှာ နေမကောင်း၍ ပြုစုစောင့်ရှောက်ရန်အတွက် အိမ်တွင် ပြန်မအိပ်ခဲ့ပေ။
သမီးငယ်လေးမှာ ဖခင်ဖြစ်သူကို တစ်နေ့တစ်နေ့ စောင့်မျှော်ရင်း ရက်အနည်းငယ်ကြာသည်ထိ ပြန်မလာခဲ့သော ဖခင်အား စိတ်ဆိုးနေတော့သည်။ဖခင်ဖြစ်သူပြန်အလာတွင် သမီးငယ်လေးသည် “သူ့ကိုမချစ်လို့ ပစ်ထားခဲ့တာလား” ဆိုပြီး အိမ်ပေါက်ဝတွင် ထိုင်ပြီးအော်ငိုကာ စိတ်ကောက်နေသော သမီးငယ်လေးအား စိတ်ရှည်ရှည်နှင့် ပြန်ချော့ခဲ့သည်။
ထိုသားအဖနှစ်ယောက်ဧ။် ကြည်နူးစရာကောင်းသော မြင်ကွင်းလေးသည် လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး အများမှ ထိုသမီးလေးမျိုး ရထားတာ ကံကောင်းသည်ဟု ဆိုကြသည်။
Zawgyi
Leave a Reply