ဘဲပေါက်စလေးကို မိခင်လိုပြုစုစောင့်ရှောက်ပေးနေခဲ့တဲ့ ဇီးကွက်မကြီးရဲ. မေတ္တာတရား

ဘဲပေါက်စလေးကို မိခင်လိုပြုစုစောင့်ရှောက်ပေးနေခဲ့တဲ့ ဇီးကွက်

မျိုးရိုးဗီဇမတူညီတဲ့ တိရစ္ဆာန်အချင်းချင်း ကြင်နာမေတ္တာထားကြတဲ့အဖြစ်မျိုးက ကြုံရ ၊ တွေ့ရ ခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက် Florida ပြည်နယ်မှာရှိတဲ့ ဇီးကွက်ကတော့ သူကိုယ်တိုင်ဝပ်တဲ့ဥကနေ ပေါက်ဖွားလာတဲ့ ဘဲပေါက်စလေးကို ကိုယ်တိုင်ကြည့်ရှုစောင့်ရှောက်နေခဲ့ပါတယ် ။Laurie Wolf အမည်ရှိတဲ့ ဓာတ်ပုံဆရာက အမှတ်မထင် အသိုက်လေးထဲက ဇီးကွက် နဲ့ ဘဲလေး တို့ရဲ့ဓာတ်ပုံကို ရိုက်မိခဲ့တာပါ ။

အစပိုင်းမှာတော့ ဘဲလေးအတွက် စိုးရိမ်ခဲ့ပေမဲ့ နောက်ပိုင်း ဇီးကွက်က ဘဲလေးကို အသိုက်ကနေထွက်ခွင့်ပေးပြီး ရေအိုင်ငယ်လေးမှာ ရေကူးခွင့်ပေးထားတာကို မြင်လိုက်ရတော့မှ Laurie က စိတ်အေးခဲ့ရတာပါ ။ပြီးခဲ့တဲ့ 3 ပတ်ကျော်လေယက်က အဆိုပါ ပတ်ဝန်းကျင်မှာ ဘဲမကြီးတစ်ကောင်ကို တွေ့လိုက်မိကြောင်း နှင့် ဘဲမကြီးရဲ့ ဥ 5 လုံးခန့်ဟာလည်း တစ်စုံတစ်ခုကြောင့် ပျက်ဆီးသွားခဲ့တာပါ ။

သို့ပေမဲ့လည်း အဆိုပါဥလေးတွေထဲက ဘဲပေါက်ငယ်လေးကို ဇီးကွက်က ယခုလို မွေးစားမိခင်အနေနဲ့ ကြည့်ရှုစောင့်ရှောက်ထားလိမ့်မယ်လို့ မတွေးထင်ခဲ့မိကြောင်း Laurie ကပြောပြသွားခဲ့ပါတယ် ။

Zawgyi

ဘဲေပါက္စေလးကို မိခင္လိုျပဳစုေစာင့္ေရွာက္ေပးေနခဲ့တဲ့ ဇီးကြက္

မ်ိဳး႐ိုးဗီဇမတူညီတဲ့ တိရစာၦန္အခ်င္းခ်င္း ၾကင္နာေမတၱာထားၾကတဲ့အျဖစ္မ်ိဳးက ႀကဳံရ ၊ ေတြ႕ရ ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ Florida ျပည္နယ္မွာရွိတဲ့ ဇီးကြက္ကေတာ့ သူကိုယ္တိုင္ဝပ္တဲ့ဥကေန ေပါက္ဖြားလာတဲ့ ဘဲေပါက္စေလးကို ကိုယ္တိုင္ၾကည့္ရႈေစာင့္ေရွာက္ေနခဲ့ပါတယ္ ။Laurie Wolf အမည္ရွိတဲ့ ဓာတ္ပုံဆရာက အမွတ္မထင္ အသိုက္ေလးထဲက ဇီးကြက္ နဲ႔ ဘဲေလး တို႔ရဲ႕ဓာတ္ပုံကို ႐ိုက္မိခဲ့တာပါ ။

အစပိုင္းမွာေတာ့ ဘဲေလးအတြက္ စိုးရိမ္ခဲ့ေပမဲ့ ေနာက္ပိုင္း ဇီးကြက္က ဘဲေလးကို အသိုက္ကေနထြက္ခြင့္ေပးၿပီး ေရအိုင္ငယ္ေလးမွာ ေရကူးခြင့္ေပးထားတာကို ျမင္လိုက္ရေတာ့မွ Laurie က စိတ္ေအးခဲ့ရတာပါ ။ၿပီးခဲ့တဲ့ 3 ပတ္ေက်ာ္ေလယက္က အဆိုပါ ပတ္ဝန္းက်င္မွာ ဘဲမႀကီးတစ္ေကာင္ကို ေတြ႕လိုက္မိေၾကာင္း ႏွင့္ ဘဲမႀကီးရဲ႕ ဥ 5 လုံးခန႔္ဟာလည္း တစ္စုံတစ္ခုေၾကာင့္ ပ်က္ဆီးသြားခဲ့တာပါ ။

သို႔ေပမဲ့လည္း အဆိုပါဥေလးေတြထဲက ဘဲေပါက္ငယ္ေလးကို ဇီးကြက္က ယခုလို ေမြးစားမိခင္အေနနဲ႔ ၾကည့္ရႈေစာင့္ေရွာက္ထားလိမ့္မယ္လို႔ မေတြးထင္ခဲ့မိေၾကာင္း Laurie ကေျပာျပသြားခဲ့ပါတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*