
ဘေးအိမ်များသို့ အနံ့အသက်များမခံနိုင်အောင် ထွက်ပေါ်နေသဖြင့်ကောလိပ်ကျောင်းသူ၏ အခန်းထဲသို့ သွားရောက်စစ်ဆေးကြည့်ရာ အမှိုက်ပုံထက်ဆိုးသော မြင်ကွင်းကိုမြင်ခဲ့ရသည့် အခန်းပိုင်ရှင်ရဲ့ အဖြစ်
လူတစ်ဦးတစ်ယောက်ဟာ ဘဝ၏ကျရာနေရာများတွင် လူတိုင်းကို စာနာစိတ်ကလေးထားပြီး အဆင်ပြေအောင်ကြိုးစားနေထိုင်သင့်ပေသည်။အထူးအားဖြင့် ငယ်ရွယ်သည့်အချိန်တွင် ကျောင်းသွားတတ်ရာတွင် အခန်းလေးတွေငှားရမ်းပြီး နေထိုင်သည့်အချိန်မျိုးတွင် နေထိုင်ရာ၌ ပိုမိုသတိထားသင့်ပေသည်။
ယခုတွင်လည်း တရုတ်နိုင်ငံမှ ကောလိပ်ကျောင်းသူလေး၏ နေထိုင်ပုံဟာ တစ်နိုင်ငံလုံးရဲ့ နှာခေါင်းရှုံသည့်အဖြစ်ကို ခံခဲ့ရပါတယ်။ကောလိပ်ကျောင်းသူလေးဟာ ပခန်းတစ်ခုကို ငှားရမ်းနေထိုင်ခဲ့ပြီး အမှိုက်ပုံထက်ဆိုးသော အခြေအနေမျိုးဖြစ်အောင် အခန်းကို သန့်ရှင်းရေးမလုပ်ပဲထားခဲ့ပါတယ်။
ထိုအခါ မကောင်းသောအနံ့များထွက်ပေါ်လာပြီး ဘေးအခန်းများက နေထိုင်ရန်ပင် အဆင်မပြေဖြစ်ခါခဲ့ပါတယ်။ထို့ကြောင့် အခန်းပိုင်ရှင်က သွားရောက်စစ်ဆေးလိုက်ရာမှတော့ အခန်းဟာ အတော်လေးကို ဆိုးရွားနေပြီး ခြေထောက်ချရန်နေရာပင်မရှိအောင် အမှိုက်များပြည့်နေခဲ့တာဖြစ်ပါတယ်။
Zawgyi
Leave a Reply