
ဘောလုံးကို ခေါင်းလေးနဲ့ ဆော့ကစားခြင်းကြောင့် ဆိုရှယ်မီဒီယာပေါ် ကျော်ကြားနေခဲ့တဲ့ လိပ်ကလေး (ရုပ်သံ)
Patrick Ottley O’Connor လို့ခေါ်တဲ့ အမျိုးသားက တိရိစ္ဆာန်ကဘာလုပ်မယ်ဆိုတာကိုကြည့်ဖို့ လိပ်ရဲ့ရှေ့မှာ ဘောလုံးတစ်လုံးကို ပစ်ထည့်လိုက်တဲ့အချိန်မှာ လိပ်ရဲ့တုံ့ပြန်ချက်ကို တွေ့ရပါတယ် ။ လိပ်က အတော်လေးအံ့သြစရာကောင်းလောက်အောင် ဘောလုံးကို ကန်ဖို့ သူ့ရဲ့ ဦးခေါင်းနဲ့ အသုံးပြုခဲ့တာကို တွေ့ခဲ့ရပါတယ်။
Patrick က သူ့လိပ်ရဲ့ စွမ်းရည်ကြောင့် အံ့အားသင့်သွားပြီး ဗီဒီယိုတစ်ခုကို ရိုက်ယူကာ Twitter မှာမျှဝေခဲ့လိုက်ပါတယ်။ အံ့အားသင့်စရာကောင်းလောက်အောင် ဒီဗွီဒီယိုဟာ မကြာခင်မှာပဲ ကြည့်ရှုသူ ၁.၈ သန်းကျော်အထိ ရောက်ရှိ လာခဲ့ပါတယ်။ ၎င်းဗွီဒီယိုထဲမှာ လိပ်ဟာ ဘောလုံးကို တစ်ကြိမ်သာကန်ခြင်း မဟုတ်ဘဲ ခြံဝင်းပတ်ပတ်လည်တွေမှာ အမှန်တကယ်လိုက်လံ ဆော့ကစားခဲ့ပါတယ်။ လိပ်ဟာ ဘောလုံးဆော့ကစားရတာကို အမှန်တကယ် နှစ်သက်ကြောင်းပြသနေပါတယ်။
လိပ်ဟာ ခွေးတစ်ကောင်လို မြန်ဆန်တဲ့အိမ်မွေးတိရိစ္ဆာန်နဲ့ ဂိမ်းတစ်ခုလုပ်မယ်ဆိုရင်လည်း အနိုင်ရကိန်းရှိနေပါတယ်။ သို့ပေမဲ့ ၎င်းလိပ်ဟည အမှန်တကယ်ပြုလုပ်နိုင်တာက်ုပ ချစ်စရာဖြစ်နေပါတယ်။ ၎င်းဟာ အထင်ကြီးစရာကောင်းတဲ့ ဗီဒီယိုလေးပါဘဲ။
5 days out of his winter hibernation & Hurricane is getting into his garden lockdown football exercise this morning…he’ll be posting his boxercise routine & tomorrow!
😂🐢 #teacher5aday #exercise #notice pic.twitter.com/xUMGL6h5ya— Patrick Ottley-O'Connor (@ottleyoconnor) March 26, 2020
Zawgyi
Leave a Reply