ဘူဖေးအဝစားဆိုင်တွင် သိုးတစ်ကောင်လုံးကို ကုန်အောင်စားပြီးသော်လည်း လိုက်ပွဲထပ်တောင်းနေသောကြောင့် ဆိုင်ရှင်မှ တောင်းပန်ပြီး ပြန်လွှတ်လိုက်ရသည့် ကောင်မလေး

ဘူဖေးအဝစားဆိုင်တွင် သိုးတစ်ကောင်လုံးကို ကုန်အောင်စားပြီးသော်လည်း လိုက်ပွဲထပ်တောင်းနေသောကြောင့် ဆိုင်ရှင်မှ တောင်းပန်ပြီး ပြန်လွှတ်လိုက်ရသည့် ကောင်မလေး

မိန်းကလေးတို့ကို အားနွဲ့ပြီး အစားအသောက်များကို အနည်းငယ်သာ စားသည်ဟု ထင်မှတ်မိလျှင် များစွာလွဲမှားသွားလိမ့်မည်ဖြစ်ပေသည်။ယခုတွင်လည်း အဝစားဘူဖေးဆိုင်ပိုင်ရှင်ကပင် တောင်းပန်ရသည်အထိဖြစ်ခဲ့သော ကောင်မလေးတစ်ဦး၏ အဖြစ်ကို ဖော်ပြပေးထားပါတယ်။

ကောင်မလေးဟာ အသက်၂၂နှစ်အရွယ်ရှိပြီး တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် နေထိုင်သူဖြစ်ပါတယ်။သူမဟာ နန်ကျင်းမြို့ရှိ အဆင့်မြင့်ဘူဖေးစားသောက်ဆိုင်တွင် တစ်ယောက်တည်း အဝသွားစားခဲ့တာဖြစ်ပါတယ်။

စားပွဲထိုးများဟာလည်း ကောင်မလေးစားချင်သည့် အသားများကို လှီးဖြတ်ယူပေးရပြီး ကောင်မလေးက သိုးဟင်းကို စားသုံးခဲ့တာဖြစ်ပါတယ်။သိုးတစ်ကောင်လုံးကို ကုန်အောင်စားခဲ့သည့်အပြင် ဗိုက်မဝသေးဟုဆိုကာ လိုက်ပွဲထပ်တောင်းခဲ့သောကြောင့် လူအများက မျက်လုံးပြူးသွားခဲ့ရတာဖြစ်ပါတယ်။ဆိုင်ရှင်ကတော့ ကောင်မလေးကို ဆက်မစားတော့ဘဲ အိမ်ပြန်ပေးရန် တောင်းပန်ပြီး ပြန်လွှတ်ခဲ့ရတယ်ဟု သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*