ဘုရားသခင်က သနားပြီး လန်ဘော်ဂီနီကားသစ်ကြီး ပေးလိမ့်မည်ဟု ထင်မှတ်ကာ ၃၃ရက်တိုင်အစာမစားဘဲ နေခဲ့သည့်ကောင်လေး

ဘုရားသခင်က သနားပြီး လန်ဘော်ဂီနီကားသစ်ကြီး ပေးလိမ့်မည်ဟု ထင်မှတ်ကာ ၃၃ရက်တိုင်အစာမစားဘဲ နေခဲ့သည့်ကောင်လေး ဆေးရုံသို့ရောက်သွားခဲ့

လူတိုင်းသည် ဘဝကြီးထဲတွင် ကြီးကျယ်ခမ်းနားသော အရာများအား လိုချင်တပ်မက်ကြပေသည်။သို့သော် တန်းဖိုးကြီးသော ပစ္စည်းများဖြင့် ကြီးကျယ်ခမ်းနားမှုသည် အပေါ်ယံသာဖြစ်သာဖြစ်သည်ကိုတော့ လူတိုင်းအား သိစေချင်ပေသည်။လူငယ်အများစုတို့ကတော့ ပစ္စည်းကောင်းများဖြင့် လူအများ၏ကြားထဲတွင် ထင်ပေါ်စေသော ဆန္ဒရှိတတ်ကြပေသည်။

ယခုတွင်လည်း ဇင်ဘာတွေနိုင်ငံမှ ကောင်လေးတစ်ဦးသည် တန်ဖိုးကြီးလှသော လန်ဘော်ဂီနီ ကားသစ်ကြီးကို စီးနှင်းလိုသော ဆန္ဒပြင်းပြနေခဲ့သောကြောင့် စဥ်းစားဆင်ခြင်နိုင်မှု လျော့နည်းကာ လူကိုထိခိုက်မှုဖြစ်သွားစေခဲ့ပါတယ်။

ကောင်လေးဟာ ဘုရားသခင်၏ သနားငဲ့ညာမှုကိုရရှိပြီး ကားသစ်ကြီး လက်ဆောင်ပေးရန်ဟုဆိုကာ ၃၃ရက်တိတိကို အစာမစားဘဲနေခဲ့ပါတယ်။ထို့ကြောင့် ကောင်လေးဟာ ကျန်းမာရေးထိခိုက်ပြီး ဆေးရုံသို့ အရေးပေါ်တင်ပို့ပေးခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*