ဘားမှမလုပ်ဘဲ သူစိမ်းတွေနောက် လိုက်သွားပေးရုံနဲ့ မယုံနိုင်လောက်တဲ့ ဝင်ငွေမျိုးရရှိနေခဲ့တဲ့ အမျိုးသား

ဘားမှမလုပျဘဲ သူစိမျးတှနေောကျ လိုကျသှားပေးရုံနဲ့ မယုံနိုငျလောကျတဲ့ ဝငျငှမြေိုးရရှိနခေဲ့တဲ့ အမြိုးသား

ဂျပန်နိုင်ငံမှာနေထိုင်တဲ့ အသက် 37 နှစ်အရွယ် Shoji Morimoto အမည်ရှိတဲ့အမျိုးသားဟာ ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်နေပါစေ ခေါ်ယူနိုင်ကြောင်း ကိုယ့်ကိုငှါးရမ်းခဲ့ပါတယ် ။

သူ့ရဲ့ကြော်ငြာစာရွက်မှာတော့ ‘ စားမယ် ၊ သောက်မယ် ၊ ရိုးရှင်းတဲ့ တုံ့ပြန်ချက်မျိုးသာပေးပါတယ် ၊ ဒါပေမဲ့ အဲ့ထက်ပိုပြီး ဘားမှမလုပ်ပါဘူး ‘ ဆိုပြီးကြော်ငြာခဲ့ကာ 2018 ခုနှစ်ကတည်းက အမှာစာပေါင်း 3,000 ခန့်ရရှိခဲ့ကြောင်း သိရှိရပါတယ် ။အစပိုင်းမှာတော့ ငှါရမ်းခ free အနေနဲ့စတင်ခဲ့ပေမဲ့ နောက်ပိုင်မှာတော့ session တစ်ခုကို မြန်မာငွေ တစ်သိန်းကျော်ခန့်ဖြင့် ငှါးရမ်းနိုင်ကြောင်း သတ်မှတ်ခဲ့ပါတယ် ။

အကြောင်းပြချက်အမျိုးမျိုးတွေနဲ့ လူတွေကသူ့ကိုငှါးရမ်းခဲ့ပြီး ၊ အချို့တွေက game team တစ်ခုအတွက် လူပြည့်စေရုံသက်သက်ငှါးရမ်းခဲ့ပြီး ၊ ကွာရှင်းတဲ့ကိစ္စတွေမှာ လိုက်ကူပေးခြင်း ၊ စိတ်ပင်ပန်းနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စကားတွေကိုနားထောင်ပေးခြင်းစတဲ့ အလုပ်မျိုးပါ ။

Shoji ကလည်း ‘ ကျွန်တော်ကိုယ်တိုင်က အခြားသူတွေကို အားမပေးတတ်ပါဘူး ၊ တစ်ခုခုကြိုးစားဖို့ပြောရင်း ကျွန်တော်စိတ်ဆိုးမိတယ် ၊ ကျွန်တော့်အနေနဲ့ အခြားလူတစ်ယောက်ကိုလုပ်ပေးတဲ့အကောင်းဆုံးအရာက သူ့ဘေးမှာ နေပေးတာပါပဲ ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။

Shoji ဟာ ဘွဲ့ရသူတစ်ယောက်ဖြစ်ပြီး အစပိုင်းက သတင်းစာတိုက်တစ်ခုမှာအလုပ်ဝင်လုပ်ကာ နောက်ပိုင်း ကိုယ့်နဲ့လုံးဝအံကိုက်မဖြစ်တဲ့အလုပ်လို့မြင်လာခဲ့ပြီး သူဋ္ဌေးကိုယ်တိုင်က ‘ မင်းရှိရှိ ၊ မရှိရှိ ကိစ္စမရှိဘူး ‘ လို့ပြောဆိုခဲ့လို့ စိတ်ဒဏ်ရာရကာ အလုပ်ထွက်ခဲ့ပြီး ယခုလိုအလုပ်မျိုးကို စတင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ကြောင်း သိရပါတယ် ။

အထီးကျန်နေတဲ့သူတွေရဲ့ စိတ်ခံစားချက်ကို ဖြည့်ဆည်ပေးရတာက Shoji ရဲ့ အလုပ်ဖြစ်လာခဲ့ပြီး လက်ရှိသူ့ရဲ့ Twitter စာမျက်နှာမှာ follower ပေါင်း 261,300 ခန့်ရှိကြောင်းလည်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*