ဘဝ၏အသက်ရှင်သန်ရေးအတွက် လမ်းဘေးတဲလေးတွင် နေထိုင်ပြီး ဆန်ပြုတ်များရောင်းချကာ ဝင်ငွေရှာဖွေနေရသည့် အသက်၈၅နှစ်အရွယ်အဖိုးအို

ဘဝ၏အသက်ရှင်သန်ရေးအတွက် လမ်းဘေးတဲလေးတွင် နေထိုင်ပြီး ဆန်ပြုတ်များရောင်းချကာ ဝင်ငွေရှာဖွေနေရသည့် အသက်၈၅နှစ်အရွယ်အဖိုးအို

ပုံမှန်အားဖြင့်တော့ လူသားတို့ဟာ အသက်ရှင်သန်ရေးအတွက် အလုပ်လုပ်ကိုင်ကာ ဝင်ငွေများကို ရှာဖွေနေကြရမှာဖြစ်ပါတယ်။သို့သော်လည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း အရွယ်နှင့်မလိုက်အောင် ရုန်းကန်နေကြရသည့် အဖိုးအဖွားများ၏ ဘဝသည်ကာ အလွန်စာနာဖွယ်ကောင်းလှပါတယ်။

ယခုတွင်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်နေထိုင်သော အသက်၈၅နှစ်အရွယ် အဖိုးအိုတစ်ဦးဟာ ဘဝကို ပင်ပန်းစွာဖြင့် ဖြတ်သန်းနေရပါတယ်။အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း မှီခိုအားထားစရာ မိသားစုဝင်များမရှိသည့်အတွက် လမ်းဘေးကတဲလေးထဲတွင် တစ်ဦးတည်းသာနေထိုင်ပြီး ဘဝ၏ စားဝတ်နေရေးများကို ပြေလည်စေရန်အတွက် ဆန်ပြုတ်ရောင်းပြီး ဝင်ငွေရှာဖွေနေခဲ့ရတာဖြစ်ပါတယ်။

အဖိုးအိုဟာ အရင်းအနှီးလုံလောက်စွာမရှိသည့်အတွက် ဆန်ပြုတ်လေးကိုသာ သေချာစွာပြုတ်ပြီး အရသာရှိအောင် ကြိုးစားပြင်ဆင် ရောင်းချနေရတာဖြစ်ပါတယ်။

Zawgyi





 

Be the first to comment

Leave a Reply

Your email address will not be published.


*