ဘဝနေမဝင်မီ ကိုယ့်အိပ်မက်ကိုအကောင်ထည်ဖော်ခဲ့တဲ့ ရင်သားကင်ဆာဝေဒနာသည်မိန်းကလေး

ခမ်းနားစွာမင်္ဂလာဆောင်ချင်တာ မိန်းကလေးတိုင်းရဲ့အိပ်မက်တစ်ခုပါပဲ။သားနားတဲ့ဝတ်စုံနဲ့ မင်္ဂလာပွဲအကြိုဓာတ်ပုံတွေကို ရှုခင်းလှတဲ့နေရာတွေမှာရိုက်ချင်ကြပါတယ်။ ဒီလိုပဲ ထိုင်ဝမ်မှ Q May Chen ဆိုတဲ့မိန်းကလေးမှာလည်း အိပ်မက်တစ်ခုရှိခဲ့တယ်။ ကံဆိုးစွာနဲ့ သူမမှာဒီလိုခမ်းခမ်းနားနားမင်္ဂလာပွဲကျင်းပဖို့ အချိန်မရှိတော့ဘူး

လွန်ခဲ့တဲ့ ၄နှစ်က Chenမှာ ရင်သားကင်ဆာဖြစ်နေတယ်..ကုသနိုင်သွားတယ်လို့ထင်ရပေမယ့် ကင်ဆာအမြစ်တွေရှင်သန်နေတယ်လို့သိရပါတယ်။ဆရာဝန်ပြောတဲ့အချိန်မှာပဲ သူမစိတ်ဓာတ်ကျသွားတယ်။ သူမကို ကယ်တင်ပေးဖို့လည်းဆရာဝန်တွေမတတ်နိုင်တော့ဘူး။

တစ်ချို့သူမအသက်ရွယ်လောက်ရှိတဲ့လူတွေဆို ဆေးရုံမှာပဲစိတ်ဓာတ်ကျစွာနေပြီး သေမယ့်နေ့ကို ထိုင်စောင့်နေကြတယ်။ ၂ရနှစ် Chenကတော့ အဲ့လိုမတွေးပါဘူး။ရုတ်တရက် သူမ,မသေခင် လုပ်ခဲ့ချင်တာလေး ရှိတယ်လို့ဆိုပါတယ်။ သူမစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတစ်ခုပါတဲ့။

ရည်းစားမရှိပေမယ့် မင်္ဂလာပွဲအကြိုဓာတ်ပုံတွေရိုက်ချင်တယ်လို့ပြောပါတယ်။ အရောင်လေးတွေနဲ့ပတ်သတ်ပြီးတော့လည်း သူမကဒီလိုရှင်းပြခဲ့တယ်။ ”အနီက ရဲရင့်တာ၊ ပန်းရောင်က ချိုသာတယ်၊အဖြူရောင်က မင်းသမီး ပြီးတော့ ပဒုမ္မာအရောင်က ဆွဲဆောင်မှုရှိတယ် ”
”အချိန်က တန်ဖိုးရှိတယ်..အချိန်တွေကို အလကားသုံးပစ်လို့မသင့်ဘူး။ ကျွန်မစောင့်လို့လည်းမရတော့ဘူး ကျွန်မ အိပ်မက်တွေကိုတော့ဖြည့်ဆည်းသွားချင်တယ်”လို့ပြောပါတယ်။

Yangming Mountain မှာ သူမဓာတ်ပုံတွေကိုရိုက်ကူးခဲ့ပြီး ပုံရိပ်တွေအားလုံးက တကယ်ကို ခမ်းနားပါတယ်။ သူမရဲ့စိတ်ဓာတ်နဲ့ ဘဝနေမဝင်မီအချိန်လေးမှာ ကိုယ့်အိပ်မက်ကိုအကောင်ထည် ဖော်ဖို့ကြိုးစားခဲ့တာလေးကြည့်ပြီး စိတ်ခွန်အားရနိုင်မယ်လို့မျှော်လင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*