
ဘယ်သူ့ဆီကမှ အကူအညီအလကားမလိုချင်လို့ တံတားအောက်မှာတဲလေးထိုးပြီး တစ်ကိုယ်တည်းနေထိုင်နေတဲ့ ဦးလေးကြီးရဲ့အဖြစ်
လူ့ဘဝကတိုတောင်းလွန်းလှပါတယ် ။ ပြီးခဲ့တဲ့နေ့က မလေးရှားနိုင်ငံက အမျိုးသားတစ်ဦးဟာ တံတားအောက်မှာ တဲထိုးပြီး နေထိုင်နေတဲ့ သာမာန်လူပုံစံ ဦးလေးကြီးတွေ့ပြီး မေးမြန်းစကားပြောဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။
အဆိုပါဦးလေးကြီးမှာတော့ ဇနီး နဲ့ ကလေးရှိပါတယ် ။ သို့ပေမဲ့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ တစ်ရက်မှာတော့ ဇနီးသည်က သူ့ကိုထားရစ်ခဲ့ပါတော့တယ် ။ ဒါကြောင့် ခက်ခဲတဲ့ဘဝကိုဆက်ပြီး ရုန်းကန်ဖို့ သူ့ရဲ့ကလေးကို ဆွေးမျိုးတွေရှိတဲ့ Ipoh မြို့သို့ သွားပို့ခဲ့ပါတယ် ။
ဦးလေးကြီးကတော့ သူ့ကိုဖုန်းဆက်ပြီး အလုပ်အပ်သူတွေရှိပေမဲ့လည်း အကောင့်မရှိလို့ လက်မခံနိုင်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ် ။ ဒါ့အပြင် သူများဆီက အကူအညီအလကားမယူချင်တဲ့အပြင် ၊ အိပ်စက်အနားယူနိုင်ဖို့ ယခုလို တံတားအောက်မှာ တဲထိုးပြီး နေနေရတာဖြစ်ကြောင်း သိရပါတယ် ။
ဦးလေးကြီးနဲ့ တွေ့ဆုံစကားပြောဆိုခဲ့တဲ့အမျိုးသားကတော့ ဦးလေးကြီးရဲ့ ဖုန်းနံပတ်ကိုပါ ဖော်ပြပေးထားပြီး အလုပ်သမားလိုလျှင် ဆက်သွယ်ပြီး အလုပ်ပေးဖို့ကိုပါ ဝေမျှပေးထားပါသေးတယ် ။
Zawgyi
Leave a Reply