
သူငယ်ချင်း ၊ မိသားစုတွေရဲ့မွေးနေ့ပွဲ ဒါမှမဟုတ် အထူးအခါသမယတွေမှာ သင်ချစ်တဲ့လူတွေကို သူတို့ရဲ့ထူးခြားတဲ့နေ့မှာ ပျော်စရာကောင်းသလို အံ့အားသင့်စရာလည်းကောင်းအောင် လုပ်ချင်ရင်တော့ အခုကိတ်မုန့်တွေက သင်ရှာနေတဲ့အရာဖြစ်နေပါလိမ့်မယ်။
မကြာသေးခင်က မလေးရှားနိုင်ငံ Ipoh မြို့ရှိ The Slice ဆိုတဲ့မုန့်ဖုတ်ဆိုင်ဟာ သူတို့ဖန်တီးထားတဲ့ ပိုးဟပ် ၊ အိမ်မြောင်တွေ နဲ့ အလှဆင်ထားတဲ့ကိတ်မုန့်ပုံတွေကို social မှာ မျှဝေခဲ့ပြီးနောက် လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ဒီကြောက်စရာကောင်းလောက်အောင် ချိုမြိန်လှတဲ့အချိုပွဲကြောင့် ကိတ်မုန့်အလှဆင်ရခြင်းရဲ့ထူးခြားတဲ့ရွေးချယ်မှုကို ဘာကလှုံဆော်ပေးခဲ့တာလည်းလို့ မေးမြန်းတော့
အဆိုပါ အိမ်သုံးမုန့်ဖုတ်ဆိုင်ကို တစ်ဝက်ရှယ်ယာဝင်ထားတဲ့ Ethan က ” ဖောက်သည်တစ်ယောက်က သူ့ရဲ့အစ်မကို အိမ်မြောင်နဲ့ အံ့အားသင့်စေလိုတာကြောင့် ကျွန်တော်တို့က အခုလိုပုံလေးလုပ်ဖြစ်သွားတာပါ ” လို့ဆိုထားပါတယ်။ဖောက်သည်တစ်ယောက်က အစ်မဖြစ်သူ အိမ်မြောင်ကြောက်တတ်တာကိုသိနေလို့ အခုကိတ်ကို မှာခဲ့တာဖြစ်ပြီး ရက်သတ္တပတ်အကြာမှာတော့ surprise ဖြစ်သွားခဲ့တဲ့
အစ်မဖြစ်သူက ပိုးဟပ်ကိတ်တစ်လုံးကို ထပ်မှာခဲ့တာပါ။ Ethan နဲ့ သူ့လုပ်ဖော်ကိုင်ဖက် Irene တို့က ကိတ်မုန့် စစလုပ်ချင်း အနည်းငယ် တွန့်ဆုတ်နေခဲ့ကြောင်းကို ” စစချင်း လုပ်တော့ ကိတ်က meme အဖြစ် ပြောင်းသွားတာ ဒါမဟုတ် မကောင်းတဲ့အရာဖြစ်သွားမှာကို ကြောက်နေခဲ့တာ ဒါပေမဲ့ လူအများက သဘောကျခဲ့ပြီး ငါတို့ရဲ့လက်ရာကို ချီးကျူးခဲ့ကြတယ်” လို့ဆိုခဲ့ပါတယ်။
သို့ပေမဲ့ သူတို့နှစ်ဦးဟာ ရိုးရိုး မုန့်ဖုတ်သမားမဟုတ်နေပါဘူး။သူတို့ရဲ့ Facebook page မှာ Gucci လက်ကိုင်အိတ် ကိတ် ၊ လူ့နှလုံးသားပုံ ကိတ် စတဲ့စိတ်ဝင်စားစရာကောင်းတဲ့ကိတ်မုန့်ပုံစံအမျိုးမျိုးကို ထုတ်ပြလေ့ရှိပါသေးတယ်။Ethan အား သူ အံ့အားသင့်သွားခဲ့ရတဲ့ ကိတ်မုန့် order ပုံစံက ဘယ်လိုလဲလို့မေးတော့ ဝန်ထမ်းတွေက သူဌေးကို surprise လုပ်ပေးဖို့ ရုံးအဆောက်အဦးပုံစံ ကိတ်မုန့်ကြီးက သူ့အတွက် အံ့အားအသင့်ဆုံးတစ်ခုပါဘဲ လို့ ပြန်ဖြေပေးခဲ့ပါတယ်။
ကောင်းပါပြီ ၊ဒီတော့ စာဖတ်သူတို့လည်း ကိုယ်ချစ်တဲ့သူတွေအတွက် surprise အကြီးကြီး လုပ်ပေးချင်ရင်တော့ အခု ကိတ်မုန့်ပုံစံ လို လုပ်ပေးကြည့်လိုက်ပါ။သူတို့ဖြစ်သွားမယ့် ပုံစံက ခင်ဗျားတို့ မျှော်လင့်ထားသလို ဖြစ်သွားမှာအမှန်ပါဘဲလေ။
Leave a Reply