ဘယ်သူကမှ မကူညီချင်တဲ့ လမ်းမဘေးမှာထမင်းထိုင်စားနေတဲ့ သားအဖကို အရိုးသားဆုံးပုံစံနဲ့ကူညီပေးခဲ့တဲ့ ဆိုင်ဝန်ထမ်းလေး

ဘယ်သူကမှ မကူညီချင်တဲ့ လမ်းမဘေးမှာထမင်းထိုင်စားနေတဲ့ သားအဖကို အရိုးသားဆုံးပုံစံနဲ့ကူညီပေးခဲ့တဲ့ ဆိုင်ဝန်ထမ်းလေး

အကူအညီလိုအပ်သူကို အနည်းငယ်လေး စေတနာထားတတ်တာကလည်း တစ်ဖက်သူအတွက် အတော်လေးကို ခွန်အားဖြစ်စေပါတယ် ။ ဒီတစ်ခေါက်မှာလည်းပီဇာဆိုင်ရှေ့က လမ်းထောင့်လေးမှာ ထုပ်ပိုးလာတဲ့အစားအစာတွေကို ဖြည်စားနေတဲ့ သားအဖ နှစ်ယောက်ကို လမ်းသွားလမ်းလာတွေက တွေ့ရှိနေတာတောင် လုံးဝကူညီပေးခဲ့ခြင်းမျိုးမရှိပါဘူး ။

ခဏအကြာမှာတော့ ဆိုင်ကယ်တစ်စီးနဲ့ delivery အမျိုးသားတစ်ဦးက အဆိုပါသားအဖ အနားသို့ရောက်ရှိလာပြီး ပီဇာဆိုင်ထဲသို့ ခေါ်ဝင်ခဲ့ပါတယ် ။ အဆိုပါအဖြစ်ကိုတော့ ပီဇာဆိုင်အတွင်းမှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦးက တွေ့ရှိခဲ့ပြီး ယခုလို social media ပေါ်မှာ ဝေမျှပေးသွားခဲ့တာဖြစ်ပါတယ် ။

ဒါတင်မကသေးပါဘူး ၊ အဆိုပါ delivery အမျိုးသားက ပီဇာဆိုင်မှ ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်နေပြီး ကလေးငယ်ရဲ့ဖခင်ဖြစ်သူကို ပီဇာလုပ်နည်းကိုပါ သင်ကြားပေးခဲ့ပါသေးတယ် ။ မကြာခင်မှာဘဲ ဆိုင်အတွင်း လာရောက်စားသုံးကြသူများက အဆိုပါသားအဖကို ငွေသားအချို့ နဲ့ စားစရာအချို့ ထုပ်ပိုးပေးကာ အကူအညီပေးခဲ့ကြကြောင်း သိရပါတယ် ။ တစ်ကယ့်ကို စေတနာအပြည့်နဲ့ကူညီပေးခဲ့တဲ့ ဆိုင်ဝန်ထမ်းရဲ့လုပ်ရပ်ဟာ social media ပေါ် အတော်လေးရေပန်းစားနေပြီး ၊ လူအများရဲ့ ချီးကျူးလေးစားမှုကို ခံခဲ့ရပါတယ် ။

Zawgyi

ဘယ္သူကမွ မကူညီခ်င္တဲ့ လမ္းမေဘးမွာထမင္းထိုင္စားေနတဲ့ သားအဖကို အ႐ိုးသားဆုံးပုံစံနဲ႔ကူညီေပးခဲ့တဲ့ ဆိုင္ဝန္ထမ္းေလး


အကူအညီလိုအပ္သူကို အနည္းငယ္ေလး ေစတနာထားတတ္တာကလည္း တစ္ဖက္သူအတြက္ အေတာ္ေလးကို ခြန္အားျဖစ္ေစပါတယ္ ။ ဒီတစ္ေခါက္မွာလည္းပီဇာဆိုင္ေရွ႕က လမ္းေထာင့္ေလးမွာ ထုပ္ပိုးလာတဲ့အစားအစာေတြကို ျဖည္စားေနတဲ့ သားအဖ ႏွစ္ေယာက္ကို လမ္းသြားလမ္းလာေတြက ေတြ႕ရွိေနတာေတာင္ လုံးဝကူညီေပးခဲ့ျခင္းမ်ိဳးမရွိပါဘူး ။

ခဏအၾကာမွာေတာ့ ဆိုင္ကယ္တစ္စီးနဲ႔ delivery အမ်ိဳးသားတစ္ဦးက အဆိုပါသားအဖ အနားသို႔ေရာက္ရွိလာၿပီး ပီဇာဆိုင္ထဲသို႔ ေခၚဝင္ခဲ့ပါတယ္ ။ အဆိုပါအျဖစ္ကိုေတာ့ ပီဇာဆိုင္အတြင္းမွာ ထိုင္ေနတဲ့ အမ်ိဳးသားတစ္ဦးက ေတြ႕ရွိခဲ့ၿပီး ယခုလို social media ေပၚမွာ ေဝမွ်ေပးသြားခဲ့တာျဖစ္ပါတယ္ ။

ဒါတင္မကေသးပါဘူး ၊ အဆိုပါ delivery အမ်ိဳးသားက ပီဇာဆိုင္မွ ဆိုင္ဝန္ထမ္းတစ္ဦးျဖစ္ေနၿပီး ကေလးငယ္ရဲ႕ဖခင္ျဖစ္သူကို ပီဇာလုပ္နည္းကိုပါ သင္ၾကားေပးခဲ့ပါေသးတယ္ ။ မၾကာခင္မွာဘဲ ဆိုင္အတြင္း လာေရာက္စားသုံးၾကသူမ်ားက အဆိုပါသားအဖကို ေငြသားအခ်ိဳ႕ နဲ႔ စားစရာအခ်ိဳ႕ ထုပ္ပိုးေပးကာ အကူအညီေပးခဲ့ၾကေၾကာင္း သိရပါတယ္ ။ တစ္ကယ့္ကို ေစတနာအျပည့္နဲ႔ကူညီေပးခဲ့တဲ့ ဆိုင္ဝန္ထမ္းရဲ႕လုပ္ရပ္ဟာ social media ေပၚ အေတာ္ေလးေရပန္းစားေနၿပီး ၊ လူအမ်ားရဲ႕ ခ်ီးက်ဴးေလးစားမႈကို ခံခဲ့ရပါတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*