
အကယ်လို့ သင့် bank acc ထဲမှာ ရုတ်တရက် ပိုက်ဆံအမြောက်အများရှိနေတာကို တွေ့ခဲ့ရရင် ဘာလုပ်မိမှာပါလဲ။ Bank ကို အကြောင်းပြန်ကြားမလား ဒါမဟုတ် ပိုက်ဆံ အားလုံးကို ဖြုန်းပစ်မှာလား။သို့ပေမဲ့ Pennsylvania ပြည်နယ်မှ Robert နှင့် Tiffany Williams တို့စုံတွဲဟာ သူတို့ရဲ့ပူးတွဲ bank acc ထဲမှာ မှားယွင်းစွာ ထည့်သွင်းမိသွားတဲ့ ဒေါ်လာ ၁၂၀,၀၀၀ ရဲ့ အချို့သောပိုက်ဆံတွေကို သုံးစွဲခဲ့ကြပြီးနောက်မှာ ဒုက္ခအကြီးကြီးနဲ့ ရင်ဆိုင်နေကြရပါတယ်။
ယခုမှာ သူတို့ဟာ ပြစ်မှုခိုးယူမှုဖြင့် တရားစွဲဆိုခံထားရပါတယ်။အစီရင်ခံစာများအရ Williams က ၎င်းပိုက်ဆံတွေမှ ၁၀၇,၀၀၀ အထိ သုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ကျမ်းကျိန်လွှာတစ်ခုမှာ အဆိုပါစုံတွဲဟာ SUV ၊ ကားနောက်တွဲယာဉ် နှင့် လေးဘီးယာဉ် နှစ်စီး တို့ကို ဝယ်ယူဖို့ ပိုက်ဆံအချို့ကို သုံးစွဲခဲ့ပြီး သူတို့ရဲ့အကြွေးတွေကို ရှင်းခဲ့ကြပါတယ်။
လိုအပ်နေတဲ့သူငယ်ချင်းတွေကိုလည်း ဒေါ်လာ ၁၅,၀၀၀ ပေးခဲ့ကြောင်း အဆိုပါစုံတွဲက ဝန်ခံဖော်ပြထားပါတယ်။ Georgia ရှိ BB&T bank မှ ဝန်ထမ်းတစ်ဦးက မမှန်ကန်တဲ့ acc နံပါတ်တစ်ခုထဲသို့ ထည့်လိုက်မိတော့ Williams တို့ထံရောက်သွားခဲ့ပြီး အမှားဖြစ်ပွါးခဲ့ရပါတယ်။
နောက်ဆုံး ပိုက်ဆံ အများအပြားဆုံးရှုံးသွားခဲ့ရတဲ့ ဖောက်သည်တစ်ဦးက bank ကို ဆက်သွယ်မှဘဲ Williams ဆီရောက်သွားမှန်းသိခဲ့ရပါတယ်။Bank က အဆိုပါစုံတွဲကို အကြိမ်ပေါက်းမနည်း ဆက်သွယ်ပြီး လိုက်ရှာစုံစမ်းခဲ့ပေမဲ့ မတွေ့ခဲ့ရပါဘူး။နောက်ဆုံး Williams က ဖုန်းကိုင်လိုက်ပြီး ၎င်းငွေတွေကို သုံးစွဲလိုက်ပြီးဖြစ်ကြောင်း ဖြေကြားခဲ့ပါတော့တယ်။
“ ကျွန်တော်တို့က အချို့လူတွေဆီကနေ မကောင်းတဲ့အကြံပြုချက်တွေရခဲ့ရတယ် ၊ ဒါကြောင့် ကျွန်တော်တို့ရဲ့အဖြစ်က နောက်ဆုံးတော့ မကောင်းတဲ့အရာဖြစ်သွားခဲ့ရတယ်” လို့ Robert က ဆိုခဲ့ပါတယ်။CNN ရဲ့အင်တာဗျူးတစ်ခုမှာ BB&T bank ရဲ့ ပြောရေးဆိုခွင့်ရှိသူ Brian Davis က ၎င်းပြဿနာကို လျင်မြန်စွာ ဖြေရှင်းပြီးဖြစ်ကြောင်း နှင့်
သူတို့က ဖောက်သည်တွေရဲ့ ဝန်ဆောင်မှု နှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို တိုးမြင့်ဆောင်ရွက်ရန် အမြဲတမ်းလုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။စာဖတ်သူတို့ကော ရုတ်တရက် bank acc ထဲ သန်းပေါင်းများစွာသောပိုက်ဆံတွေ မှားပြီးရှိနေရင် ဘယ်လို လုပ်ကြမှာပါလဲဗျာ။
Zawgyi
အကယ္လို႔ သင့္ bank acc ထဲမွာ ႐ုတ္တရက္ ပိုက္ဆံအေျမာက္အမ်ားရွိေနတာကို ေတြ႕ခဲ့ရရင္ ဘာလုပ္မိမွာပါလဲ။ Bank ကို အေၾကာင္းျပန္ၾကားမလား ဒါမဟုတ္ ပိုက္ဆံ အားလုံးကို ျဖဳန္းပစ္မွာလား။သို႔ေပမဲ့ Pennsylvania ျပည္နယ္မွ Robert ႏွင့္ Tiffany Williams တို႔စုံတြဲဟာ သူတို႔ရဲ႕ပူးတြဲ bank acc ထဲမွာ မွားယြင္းစြာ ထည့္သြင္းမိသြားတဲ့ ေဒၚလာ ၁၂၀,၀၀၀ ရဲ႕ အခ်ိဳ႕ေသာပိုက္ဆံေတြကို သုံးစြဲခဲ့ၾကၿပီးေနာက္မွာ ဒုကၡအႀကီးႀကီးနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ယခုမွာ သူတို႔ဟာ ျပစ္မႈခိုးယူမႈျဖင့္ တရားစြဲဆိုခံထားရပါတယ္။အစီရင္ခံစာမ်ားအရ Williams က ၎ပိုက္ဆံေတြမွ ၁၀၇,၀၀၀ အထိ သုံးစြဲခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။က်မ္းက်ိန္လႊာတစ္ခုမွာ အဆိုပါစုံတြဲဟာ SUV ၊ ကားေနာက္တြဲယာဥ္ ႏွင့္ ေလးဘီးယာဥ္ ႏွစ္စီး တို႔ကို ဝယ္ယူဖို႔ ပိုက္ဆံအခ်ိဳ႕ကို သုံးစြဲခဲ့ၿပီး သူတို႔ရဲ႕အေႂကြးေတြကို ရွင္းခဲ့ၾကပါတယ္။
လိုအပ္ေနတဲ့သူငယ္ခ်င္းေတြကိုလည္း ေဒၚလာ ၁၅,၀၀၀ ေပးခဲ့ေၾကာင္း အဆိုပါစုံတြဲက ဝန္ခံေဖာ္ျပထားပါတယ္။ Georgia ရွိ BB&T bank မွ ဝန္ထမ္းတစ္ဦးက မမွန္ကန္တဲ့ acc နံပါတ္တစ္ခုထဲသို႔ ထည့္လိုက္မိေတာ့ Williams တို႔ထံေရာက္သြားခဲ့ၿပီး အမွားျဖစ္ပြါးခဲ့ရပါတယ္။ေနာက္ဆုံး ပိုက္ဆံ အမ်ားအျပားဆုံးရႈံးသြားခဲ့ရတဲ့ ေဖာက္သည္တစ္ဦးက bank ကို ဆက္သြယ္မွဘဲ Williams ဆီေရာက္သြားမွန္းသိခဲ့ရပါတယ္။Bank က အဆိုပါစုံတြဲကို အႀကိမ္ေပါက္းမနည္း ဆက္သြယ္ၿပီး လိုက္ရွာစုံစမ္းခဲ့ေပမဲ့ မေတြ႕ခဲ့ရပါဘူး။ေနာက္ဆုံး Williams က ဖုန္းကိုင္လိုက္ၿပီး ၎ေငြေတြကို သုံးစြဲလိုက္ၿပီးျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါေတာ့တယ္။
“ ကြၽန္ေတာ္တို႔က အခ်ိဳ႕လူေတြဆီကေန မေကာင္းတဲ့အႀကံျပဳခ်က္ေတြရခဲ့ရတယ္ ၊ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕အျဖစ္က ေနာက္ဆုံးေတာ့ မေကာင္းတဲ့အရာျဖစ္သြားခဲ့ရတယ္” လို႔ Robert က ဆိုခဲ့ပါတယ္။CNN ရဲ႕အင္တာဗ်ဴးတစ္ခုမွာ BB&T bank ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Brian Davis က ၎ျပႆနာကို လ်င္ျမန္စြာ ေျဖရွင္းၿပီးျဖစ္ေၾကာင္း ႏွင့္ သူတို႔က ေဖာက္သည္ေတြရဲ႕ ဝန္ေဆာင္မႈ ႏွင့္ လုပ္ငန္းလည္ပတ္မႈဆိုင္ရာ လုပ္ထုံးလုပ္နည္းေတြကို တိုးျမင့္ေဆာင္႐ြက္ရန္ အၿမဲတမ္းလုပ္ေဆာင္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။စာဖတ္သူတို႔ေကာ ႐ုတ္တရက္ bank acc ထဲ သန္းေပါင္းမ်ားစြာေသာပိုက္ဆံေတြ မွားၿပီးရွိေနရင္ ဘယ္လို လုပ္ၾကမွာပါလဲဗ်ာ။
Leave a Reply