ဗီယက်နမ်နိုင်ငံက တွေ့ရမိန်းကလေးကို ဆိုင်ကယ်ပေါ် အတင်းတင်ပြေးပြီး သားမယားအဖြစ် ပေါင်းသင်းတဲ့ ဓလေ့ ဗီဒီယိုရေပန်းစားနေ

ဗီယက်နမ်နိုင်ငံတောင်ပိုင်းက မိန်းမခိုးပွဲတော်ဟာ လူမှုကွန်ယက်မှာ ဝေဖန်မှုများနဲ့အတူ ပျံနှံလာတာပါ။ ဒီပွဲတော်ကို အစိုးရက တရားဝင်ခွင့်ပြုထားခြင်း မရှိပေမယ့် ဒေသရဲ. ရိုးရာဓလေ့ထုံးစံအဖြစ် ကျင့်သုံးနေတာပါ ။ ဒီနေရာဟာ ဝေးလံခေါင်ဖျား ဒေသဖြစ်ပြီး တရုတ်နဲ့လည်း နီးကပ်တဲ့ အနေအထားပါ ၊ နယ်စပ်ဒေသက တိုင်းရင်းသားမျိုးနွယ်စု တစ်ခုရဲ. ဓလေ့ ဖြစ်ဟန်တူပါတယ်။

ဒီဓလေ့မှာတော့ လူငယ်တစ်ဦးက သဘောကျတဲ့ မိန်းကလေးကို အတင်းအဓမ္မခေါ်ဆောင် ခိုးပြေးတာ ပြန်ပေးဆွဲတာ ပြုလုပ်ခွင့်ပေးထားပြီး ၊ အမျိုးသမီးငယ်က သဘောမတူရင် ရုန်းကန်ခွင့် ရှိပါတယ်၊ ရုန်းကန်လို့ လွတ်မြောက်ခဲ့ရင်တော့ အပျိုဘဝနဲ့ ဆက်လက်နေထိုင်နိုင်မှာ ဖြစ်ပေမယ့် အတင်းခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပြီဆိုရင်တော့ မဖြစ်မနေ လက်ထပ်ရမှာပါ။

ဒီနေ့မှာတော့ ဒီဖြစ်ရပ်တွေကို ဒေသခံအချို.က ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ယက်ပေါ် တင်လိုက်ရာကနေ ကမ္ဘာနဲ့တစ်ဝှန်းပြန့်နှံသွားပြီး ဝေဖန်သံတွေ ဆူညံသွားစေခဲ့တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*