
ဗိုက်ဆာလွန်းလို့ မီးဖိုချောင်ထဲအထိ စားစရာ လာရှာခဲ့တဲ့ တောရိုင်းဆင်ကြီး
ဒီလိုမျိုး အဖြစ်အပျက်ကတော့ ကြုံတွေ့ရရှားပါတယ် ။ ရုတ်တရက်တစ်အိမ်လုံး တုန်လှုပ်သွားခဲ့လို့ အိမ်ရှင်တွေက ငလျင်လှုပ်တယ်လို့ အစပိုင်းက ထင်နေခဲ့တာပါ ။ သို့ပေမဲ့လည်း မီးဖိုချောင်ဖက်က နံရံတွေကပါ ပြိုကျသွားလို့ သွားကြည့်ခဲ့ချိန်မှာတော့ အုတ်နံရံတွေပေါက်ထွက်ခဲ့ပြီး ဆင်ကြီးတစ်ကောင်ရဲ့ဦးခေါင်ကို တွေ့ခဲ့ပါတယ် ။
အဆိုပါဆင်ကြီးမှာ အတော်လေးကို ဆာလောင်နေပုံရပြီး လူတွေရဲ့နေအိမ်အတွင်းပိုင်းထိ စားစရာလာရှာခဲ့တာပါ ။ အဆိုပါ အဖြစ်အပျက်ကို အိမ်ပိုင်ရှင်က အမိအရဓာတ်ပုံရိုက်ကူးခဲ့ပြီး social nedia ပေါ် ပြန်လည်ဝေမျှသွားခဲ့ပါတယ် ။
Zawgyi
Leave a Reply