
ဖြစ်သလိုဝတ်ဆင်ထားသည်ဟု ထင်ရလောက်သည့် တီရှပ်နှင့် ဂျင်းဘောင်းဘီတိုကို ဝတ်ဆင်ပြီး မင်္ဂလာပွဲကျင်းပခဲ့သည့် သတိုးသား
ချစ်သူစုံတွဲတို့သည် တစ်သက်မှာ တစ်ခါသာ ကျင်းပခွင့်ရသော မင်္ဂလာပွဲလေးကို လှပသည့် မင်္ဂလာဝတ်စုံလေးကို ဆင်းမြန်းပြီး ပျော်ရွင်စွာ ကျင်းပတတ်ကြသည်။မင်္ဂလာဆောင်အခမ်းအနားတစ်ခုတွင် ဝတ်စုံများဟာ အလွန်အဓိကကျပြီး အချို့သည် ရိုးရာဝတ်စုံတို့ဖြင့် သေသပ်လှပစွာ ဝတ်ဆင်တတ်ကြသည်။
အချို့မင်္ဂလာစုံတွဲများသည် အများနှင့်မတူဘဲ ထူးထူးခြားခြားကျင်းပနိုင်ရန် မင်္ဂလာဝတ်စုံကို အဆန်းထွင်တတ်ကြသည်။သို့သော်လည်း ဒိုမီနီကန်သမ္မတနိုင်ငံမှ သတိုးသားတစ်ဦးဟာတော့ ဝတ်စုံဒီဇိုင်းကို အဆန်းထွင်စရာမလိုဘဲ အထူးဆန်းဆုံးဖြစ်ခဲ့ရသည်။
သတိုးသားဟာ မင်္ဂလာပွဲတွင် တီရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီအတိုလေးကိုသာ ဝတ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။သားသမီးနှင့် ဇနီးတို့ဟာ မင်္ဂလာဝတ်စုံက်ုသာ ဆင်းမြန်းကြသော်လည်း သတိုးသားကတော့ စတိုင်မိစွာနှင့်ပင် ဘာမှပြင်ဆင်ထားခဲ့ပုံမရဘဲ အေးဆေးနှင့် မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။
Leave a Reply