ဆင်းရဲသားနဲ့သူကြွယ်တို့အကြား ဘဝကွဲပြားခြားနားပုံကို ရင်ထဲဆို့နစ်သွားအောင် ဖမ်းယူရိုက်ပြထားခဲ့တဲ့ဓာတ်ပုံများ

Johnny Millerအမည်ရှိတဲ့ဓာတ်ပုံဆရာတစ်ဦးဟာ တောင်အာဖရိကရဲ့ ချမ်းသာကြွယ်ဝသူနဲ့ဆင်းရဲသားတို့အကြားရှိကွာဟမှုကို ဖမ်းယူရိုက်ကူးခဲ့ကာ နှစ်ဖက်အကြားသိသာထင်ရှားတဲ့ကွဲပြားခြားနားနေမှုတွေကို ရိုက်ကူးပေါ်လွင်စေခဲ့ပါတယ်။

Drone တစ်ခုတည်းကိုသာအသုံးပြုထားပြီး သူ့ရဲ့Unequal Scenes လို့ခေါ်တဲ့ဓာတ်ပုံစီးရီးမှတစ်ဆင့် မြင်နိုင်တဲ့တောင်အာဖရိကရဲ့သွေဖည်မှုကို ပြသခဲ့ပါတယ်။ရှုခင်းတွေနဲ့စိမ်းလန်းစိုပြေနေတဲ့တစ်ဖက်တစ်ချက်ရဲ့နေအိမ်တွေ နဲ့ ယိုယွင်းပျက်စီးပြီးစွန့်ပစ်ထားတဲ့မြေတွေပေါ်ကိုမှ ပါးလွှာတဲ့လမ်းတွေခွဲထားရတဲ့အခြားတစ်ဖက်ကို မီးမောင်းထိုးပြထားခဲ့ပါတယ်။

 

အဆိုပါကွဲပြားခြားနားမှုတွေကို လူတစ်ယောက်ရဲ့ပုံမှန်ရှုထောင့်မှ အလွယ်တကူမမြင်နိုင်တာကြောင့် Millerဟာ လေထဲပျံသန်းရင်း ရိုက်ကူးခဲ့ပြီး သူ့ရဲ့လိမ္မာပါးနပ်တဲ့ဓာတ်ပုံတွေမှတစ်ဆင့် ရှုထောင့်အသစ်တွေကို ပြသပေးခဲ့ပါတယ်။လူဖြူမဟုတ်တဲ့လူတွေအား နိုင်ငံရေး၊စီးပွါးရေးနှင့် ဥပဒေအရခွဲခြားဆက်ဆံမှုတွေပါဝင်တဲ့

လူမှုရေးမူဝါဒ သို့မဟုတ် လူမျိုးရေးခွဲခြားထားခြင်းကို ၁၉၄၇မူဝါဒအသားအရောင်ခွဲခြားမှုအပြီး နောက်မှာတော့ အဆိုပါအရာအားလုံးကို ကွဲပြားခြားနားပြီးပြုပြင်ထားတဲ့ခွဲခြားမှုကိုဖန်တီးဖို့အတွက် သိသာတဲ့လမ်း၊တံတား၊မြစ်စတဲ့အတားအဆီးတွေလုပ်ပြီး ခွဲခြားထားခဲ့ကြတာပါ။

Millerရဲ့ဓာတ်ပုံစီးရီးဟာ လူတွေအား သူတို့ရဲ့နည်းပညာတွေကိုအကောင်းဆုံးအသုံးပြုဖို့၊ကမ္ဘာတစ်ဝှမ်းလုံးကကွဲပြားခြားနားမှုတွေမပြုလုပ်ကြဖို့မျှော်လင့်ထားတာပါ။သူ့ရဲ့ရည်ရွယ်ချက်က စစ်ပွဲတစ်ခုစတင်ဖို့ မဟုတ်ဘဲ သူဟာ အပြုသဘောဆောင်တဲ့မြင်ကွင်းတွေကိုသာပြသခဲ့တာပါ။

အဆိုပါဓာတ်ပုံတွေက ကွဲပြားခြားနားနေတဲ့အရာအားလုံးကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ဖြေရှင်းဖို့ကူညီပေးလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*