
ဖြစ်သလိုဘဲ car parking ထိုးခဲ့တဲ့ကားသမားအား ပညာသားပါပါတုံ့ပြန်ပေးလိုက်တဲ့ အမျိုးသား
သင့်ရဲ့ကားကို သတ်မှတ်ထားတဲ့ parking လိုင်းများအတွင်းမှာ ကားရပ်ရခြင်းဟာ ယာဉ်မောင်းသူတိုင်း သိထားသင့်တဲ့အခြေခံကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။သို့ပေမဲ့ ယာဉ်မောင်းသူအချို့ဟာ အထူးသဖြင့် မလေးရှားနိုင်ငံရှိ ယာဉ်မောင်းသူတို့ဟာ သူတို့ရဲ့စနစ်တကျကားရပ်နားခြင်းရှိမရှိကို အထူးတလည် ဂရုမစိုက်ပုံမရတဲ့သူများဖြစ်ကြပါတယ်။
၎င်းဖြစ်ရပ်ဟာ အခြားမော်တော်ယာဉ်များအတွက် အဆင်မပြေမှုများစွာကို ဖြစ်ပေါ်စေပြီး ၎င်းယာဉ်မောင်းများကိုလည်း လမ်းပေါ်ရှိလူမိုက်များနှင့် အသွင်တူစေပါတယ်။ကံကောင်းတာက ယာဉ်မောင်းသူအချို့ဟာ ၎င်းကိစ္စများ ကြုံတွေ့လာခဲ့ရင် ကားပြင်ထွက်ပြီး သူတို့ရဲ့လုပ်ရပ်များအား အတူတကွလုပ်ဆောင်ဖို့လိုကြောင်းကို ဘယ်တော့မှမေ့မထားကြပါဘူး။
Toyota ကားရဲ့မလေးရှားယာဉ်မောင်းသူတစ်ဦးဟာ သတ်မှတ်ထားတဲ့ straight parking lines ထဲကို အံ့ဝင်ခွင်ကျဖြစ်အောင် parking မလုပ်ဘဲ ဖြစ်သလို ကားထိုးခဲ့ပါတယ်။၎င်းဖြစ်ရပ်ကို Sean Thomas အမည်ရှိအမျိုးသားက မတ်လ ၇ ရက်နေ့ ညနေ ၆း၃၀ ခန့် Petaling Jaya ရှိ Old Town Market အနီးမှာ ၎င်းကားကို တွေ့မြင်ခဲ့ရကြောင်း Facebook မှ ပြောကြားခဲ့ပါတယ်။ထို့နောက် သူဟာ ကားရှေ့မှန်ပေါ်မှာ မှတ်စုတစ်ခုချန်ထားခဲ့ကာ အဆိုပါဖြစ်သလိုလုပ်ခဲ့တဲ့ကားမောင်းသူအား ‘သင်ခန်းစာ’ တစ်ခုပေးခဲ့ပါတော့တယ်။
သူ့ရဲ့မှတ်စုက “ အသက် ၇၉ နှစ်ရှိတဲ့ ငါ့အဘိုးတောင် ကား parking ကို ကောင်းကောင်းထိုးတတ်သေးတယ် Shame On You ” လို့ ရေးထားခဲ့ပါတယ်။ Sean Thomas က သူဟာ အလွန်ရှက်ရွံဖွယ်ကောင်းတဲ့စကားအချို့ကိုရေးခဲ့ချင်ပေမဲ့လည်း ကောင်းမွန်တဲ့စိတ်နေစိတ်ထားဖြင့်ဘဲ ပြောခဲ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
Sean Thomas ရဲ့၎င်း post ဟာ လူမှုကွန်ရက်များမှ တုံ့ပြန်မှု များစွာရရှိခဲ့ပြီး လူအများက သူ့ရဲ့ထိမိလွန်းတဲ့မှတ်စုအတွက် သူ့ကို ချီးကျူးခဲ့ကြပါသေးတယ်။
Leave a Reply