ဖောက်ပြန်နေတဲ့ ချစ်သူကောင်လေးကို မှတ်လောက်အောင် လက်စားချေခဲ့တဲ့ မိန်းကလေး(ရုပ်သံ)

ဖောက်ပြန်နေတဲ့ ချစ်သူကောင်လေးကို မှတ်လောက်အောင် လက်စားချေခဲ့တဲ့ မိန်းကလေး(ရုပ်သံ)

 

Emely အမည်ရှိတဲ့ TikTok user တစ်ဦးဟာ သူမရဲ့ချစ်သူကောင်လေး ဖောက်ပြန်နေခဲ့တာကို ရှာတွေ့ခဲ့ပါတယ် ။ ချစ်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းဖို့ မလုပ်ခင် သူမရှာတွေ့ထားတဲ့ အချက်အလက်တွေကို ဖော်ထုတ်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

 

အဲတာကတော့ တစ်ယောက်မဟုတ် ၊ နှစ်ယောက်မဟုတ် ၊ ချစ်ဖို့ကောင်းတဲ့ ကောင်မလေး 3 ယောက်နဲ့ ပြောဆိုထားတဲ့ message တွေ ၊ ဓာတ်ပုံတွေကို screenshot ရိုက်ပြီး print ထုတ်ကာကောင်လေးရဲ့ အိမ်နံရံတွေပေါ်မှာ ကပ်ထားပစ်ခဲ့တာပါပဲ ။ သူမရဲ့ ချစ်သူက သူမကိုအမြဲ ‘ရူးပြီး သံသယများတဲ့လူ’ ဆိုပြီး အမြဲခေါ်ဆိုနေခဲ့လို့ ဒီလိုနည်းလမ်းမျိုး အသုံးပြုခဲ့ရတာဖြစ်ကြောင်း သူမက ပြောပြခဲ့ပါတယ် ။

 

Video ထဲမှာတော့ မျက်နှာ ၊ ဖုန်းနံပတ် နဲ့ ဆိုးဝါးတဲ့အပိုင်းတွေကို မသိသာအောင် သူမကမှုန်ဝါးထားပေးခဲ့ပါတယ် ။ကောင်လေးရဲ့ အိမ်နံရံမှာ အဆိုပါစာရွက်တွေကို နှစ်နာရီခန့်အချိန်ပေးပြီးကပ်ခဲ့ရကာ ‘ ဒီလိုနဲ့ပဲ ထိုက်တန်တယ်’ ဆိုပြီး ပြောခဲ့ပါသေးတယ် ။

 

သူမရဲ့ follower တွေက ပထမဆုံးချစ်သူလှည့်စားနေတာကို ဘယ်လိုရိပ်မိခဲ့တာလဲဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ ကိုယ့်အပေါ် လှည့်စားခွင့်မပေးရင် သိနိုင်ပါတယ် ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*