
အမေရိကန်နိုင်ငံသားတစ်ဦးဟာ အိမ်ထောင်သက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ ဇနီးသည်ရဲ. ဖောက်ပြန်နေမှုကို ဒရုန်းအသုံးပြုပြီး ဖော်ထုတ်နိုင်ခဲ့ကာ အဆိုပါ မှတ်တမ်းဗီဒီယိုကိုလည်း YouTube ပေါ်တင်ခဲ့ပါတယ်။
အမျိုးသားရဲ. နာမည်ကိုတော့ မသိရပေမယ့် YAOG ဆိုပြီးတော့ ဖော်ပြထားတဲ့ Youtube အကောင့်ကနေ ဗီဒီယိုကို လွှင့်တင်ခဲ့တာပါ ။ သူက ဇနီးသည်ဖောက်ပြန်နေကြောင်းကို မိတ်ဆွေတစ်ယောက်က အသိပေးလို့ သိခဲ့ရတာဖြစ်ပြီး တကယ်ဟုတ်မဟုတ် စုံစမ်းဖို့ ကြိုးစားခဲ့တာပါ။
အစတုန်းကတော့ သူက ဇနီးသည်ကို လူကိုယ်တိုင် နောက်ယောင်ခံလိုက်ခဲ့တာ ဖြစ်ပေမယ့် ဒါက အလုပ်မဖြစ်ပါဘူး ။ ဒါကြောင့်သူက ဒရုန်းကို အသုံးပြုဖို့ စဉ်းစားပြီး ထိရောက်ခဲ့တယ်လို့ ဆိုရမှာပါ။
ဗီဒီယိုထဲမှာတော့ ဇနီးသည်ဟာ အနက်ရောင်ဝတ်စုံနဲ့ အိမ်ကထွက်သွားပြီး စတိုးဆိုင်တစ်ခုရှေ.မှာ အမျိုးသားတစ်ဦးကို စောင့်နေခဲ့ပြီး ကားအနက်တစ်စီးရဲ. ခေါ်ဆောင်ရာကို လိုက်သွားခဲ့တာပါ။ ဒီဗီဒီယိုဟာ Youtube ပေါ်မှာ အလွန်ပဲ ရေပန်းစားနေခဲ့ပါတယ်။
Leave a Reply