ဖုန်းများစွာဆက်သည်ကို မကိုင်သည့်အပြင် စာပို့သည်ကိုလည်းမကြည့်သည့်ချစ်သူအား ညတွင်းချင်းအိမ်ရှေ့သို့သွားကာ ရိုက်နှက်ပြီး ဒူးထောက်တောင်းပန်းခိုင်းသည့် ကောင်မလေး

ဖုန်းများစွာဆက်သည်ကို မကိုင်သည့်အပြင် စာပို့သည်ကိုလည်းမကြည့်သည့်ချစ်သူအား ညတွင်းချင်းအိမ်ရှေ့သို့သွားကာ ရိုက်နှက်ပြီး ဒူးထောက်တောင်းပန်းခိုင်းသည့် ကောင်မလေး

ချစ်ခြင်းမေတ္တာတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှုတို့သည် အလွန်ပင်အရေးကြီးသော အရာတစ်ခုပင်ဖြစ်ပါတယ်။အဆင်မပြေဖြစ်သည့်အချိန်မျိုးတွင်လည်း နားလည်မှုရှိစွာ နှစ်ဦးသားအလျော့ပေးသင့်ပါတယ်။

ယခုတွင် ဗီယက်နမ်မှ Tramဆိုသည့်ကောင်မလေးသည် သူ၏ချစ်သူကောင်လေးကို စာများပို့သော်လည်း မကြည့်သည့်အပြင် ဖုန်းဆက်သည်ကိုပါ မကိုင်သည့်အတွက် အလွန်ဒေါသထွက်ပြီး ကောင်လေးအိမ်သို့ သွားခဲ့ပါတယ်။ကောင်လေးအိမ်နှင့် ကောင်မလေးအိမ်ဟာ ကားဖြင့် တစ်နာရီခွဲကြာအောင် မောင်းရပြီး ကောင်မလေးဟာ ည၂နာရီခွဲမှာ ကောင်လေးအိမ်သို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ကောင်လေးအိမ်ရှေ့သို့ရောက်၍ ကောင်လေးထွက်လာသည်နှင့် ကောင်မလေးဟာ ရိုက်နှက်ခဲ့ပြီး ဒူးထောက်တောင်းပန်ခိုင်းခဲ့တာဖြစ်ပါတယ်။ညအချိန်ဖြစ်သည့်အတွက် အလွန်ဆူညံနေခဲ့သောကြောင့် ပတ်ဝန်းကျင်အိမ်များကလည်း ထွက်ကြည့်နေခဲ့ကြတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*