ဖုန်းတွေကိုသာ အာရုံစိုက်နေကြတဲ့ မိဘနှစ်ပါးကို ထိတ်လန့်အောင် နောက်ပြောင်ခဲ့ကြတဲ့ ညီအစ်ကို (ရုပ်သံ)

ဖုန်းတွေကိုသာ အာရုံစိုက်နေကြတဲ့ မိဘနှစ်ပါးကို ထိတ်လန့်အောင် နောက်ပြောင်ခဲ့ကြတဲ့ ညီအစ်ကို (ရုပ်သံ)

ကလေးငယ်တွေဟာ မိဘတွေရဲ့အာရုံစိုက်မှုရအောင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကြိုးစားလုပ်ယူနေကြတာပါ ။ သို့ပေမဲ့လည်း မိဘတွေအနေနဲ့ကတော့ တစ်နေကုန် အလုပ်လုပ်ကိုင်နေကြရပြီး ၊ လင်မယားတာဝန် နှင့် မိဘတာဝန်တွေပါ ထမ်းဆောင်နေကြရလို့ အားတဲ့အချိန်မှာ ဖုန်းပွတ်ပြီး စိတ်အပန်းဖြေချင်နေကြမှာ အမှန်ပါပဲလေ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ညီအစ်ကိုနှစ်ယောက်ကလည်း ဖုန်းတွေကိုသာ အာရုံစိုက်နေကြတဲ့ မိဘနှစ်ပါးကို ထိတ်လန့်သွားအောင် စနောက်ခဲ့ပါတယ် ။

Video ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဖုန်းတွေကိုသာအာရုံစိုက်နေတဲ့ မိဘနှစ်ပါးအနား ညီဖြစ်သူက သွားရောက် လှဲအိပ်ခဲ့ပါတယ် ။ ခဏအကြာ အစ်ကိုဖြစ်သူရောက်ရှိလာပြီး ညီငယ်ကိုစောင်နဲ့ဖြန့်ခြုံလိုက်ကာ မျက်လှည့်ဆန်ဆန် စောင်အပေါ် ကြွတက်အောင်ပြုလုပ်ခဲ့ပါတယ် ။ ရုတ်တရက် မိဘနှစ်ပါးလည်း ထိတ်လန့်ကာ အော်ဟစ်ခဲ့ပြီး ဖခင်ဖြစ်သူက စောင်ကို ချက်ချင်းလှန်ကြည့်ခဲ့ပါတယ် ။

အဖြစ်အပျက်အခြေအနေကို နားလည်သဘောပေါက်ပြီးနောက် ဖခင်ဖြစ်သူက ချက်ချင်းပဲ သားနှစ်ယောက်ကို လက်ဖဝါးစာ ဆုချပစ်ခဲ့ပါတော့တယ် ။ မိဘနှစ်ပါးရဲ့ အာရုံစိုက်မှုရရှိအောင် အတော်လေးကြိုးစားလိုက်ရတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့အဖြစ်က အတော်လေး ရယ်မောဖွယ်ကောင်းလွန်းလှပါတယ်လေ ။

Zawgyi





 

Be the first to comment

Leave a Reply

Your email address will not be published.


*