
ဖမ်းစားရန်အကြံနှင့် ချဉ်းကပ်ခဲ့သော်လည်းကျွဲအကောင်၅၀၀ဧ။် ဒေါသကြောင့် သစ်ပင်ပေါ်သို့ အသက်လုပြီးတက်ပြေးခဲ့ရသော ခြင်္သေ့ကြီး
ခြင်္သေ့များကို တောတွင်းဘုရင်အဖြစ် သတ်မှတ်ထားပြီး သူတို့သည် အလွန်ရဲရင့်ပြီး သတ္တိအပြည့်နှင့် ရှေ့ကဦးဆောင်နိုင်သည့် ဉာဏ်ပညာမြင့်မားလျက်ရှိသည်။
သို့ဖြစ်၍ ကင်ညာနိုင်ငံမှ ခြင်္သေ့ကြီးဧ။် အဖြစ်သည် သနားစရာနှင့် ရယ်မောစရာဖြစ်နေခဲ့သည်။အစပိုင်းတွင် ခြင်္သေ့ကြီးသည် အဖော်သုံးကောင်နှင့်အတူ အကောင်၅၀၀လောက်ရှိသည့် ကျွဲရိုင်းအုပ်ကြီးအား တစ်ကောင်ရရ နှစ်ကောင်ရရ ဝမ်းဖြည့်ရန်အတွက် ဝင်ဆွဲရန် ကြံခဲ့ကြသည်။
ထိုစဉ် ပါးနပ်သော ကျွဲများကလည်း ခြင်္သေ့ကြီးတွေအနားသို့ ချဉ်းကပ်သည်နှင့်အမျှ အစွမ်းကုန်ပြန်တိုက်ထုတ်ရန် ဒေါသကြီးစွာဖြင့် ဦးချိုနှင့် လိုက်ခွေ့တော့သည်။ထို့နောက် လျင်မြန်ဖျတ်လတ်သော ခြင်္သေ့ သုံးကောင်သည် ကျွဲအုပ်ကြီးကြားက အမြန်ရုန်းထွက်ခဲ့ကြပြီး သနားစရာ ခြင်္သေ့တစ်ကောင်မှာ ကျန်ခဲ့ပြီး ကျွဲအုပ်ဧ။် ဝန်းရံထားခြင်းကို ခံလိုက်ရသည်။
ကြံရာမရဖြစ်နေသော ခြင်္သေ့ကြီးသည် အနီးနားရှိ သစ်ပင်အိုကြီးတစ်ပင်ကို တွေ့လိုက်သောအခါ အားရဝမ်းသာနှင့် အားကုန်သုံးပြီး ထိုသစ်ပင်ပေါ်သို့ တက်ပြေးခဲ့ပြီး အချိန်တော်ကြာ အောက်မဆင်းရဲပဲရှိကာ ကျွဲအုပ်ကြီးထွက်ခွာသွားချိန်မှ စိတ်သက်သာရာရခဲ့သည်။
ထိုအဖြစ်အပျက် အစအဆုံးကို မြင်လိုက်သော အသက် ၅၄နှစ်အရွယ် ဓာတ်ပုံဆရာတစ်ဦးသည် မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကာ လိုင်းပေါ်တွင် မျှဝေခဲ့သည်။
Zawgyi
Leave a Reply