ဖခင် ရဲ့ဈာပနအတွက် အိမ်လုပ်မုန့်ကွတ်ကီးတွေ ရောင်းပြီး ရန်ပုံငွေရှာခဲ့တဲ့ ၉ နှစ်အရွယ် ကလေးမ

ဖခင် ရဲ့ဈာပနအတွက် အိမ်လုပ်မုန့်ကွတ်ကီးတွေ ရောင်းပြီး ရန်ပုံငွေရှာခဲ့တဲ့ ၉ နှစ်အရွယ် ကလေးမ

လူတို့က ဘဝမှာ ဝမ်းနည်းစရာ အဖြစ်အပျက်အမျိုးမျိုးကို ကြုံတွေ့ရပါတယ် ။ Kentucky ပြည်နယ် Louisville မြို့မှ ကိုးနှစ်အရွယ်ကလေးမ Kaylei ဟာ သူမရဲ့ဖခင် Jason Barton ဟာ မကြာသေးမီက ကားမတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသွားပြီး သူ့ရဲ့ ဈာပနအတွက် မိသားစုတွေက ငွေကြေးအလုံအလောက်မရှိတာကြောင့် ရိုးရိုးရှင်းရှင်းလေးနဲ့ နှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ ကံကောင်းတာက Kaylei ဟာ မုန့်ဖုတ်ရတာကို နှစ်သက်ပြီး အိမ်မှာ ကွတ်ကီးမုန့်ဖုတ်ရန် ဆုံးဖြတ်ခဲ့ပြီး သူ့ဖခင်အတွက် စျာပနာပြုလုပ်ပေးဖို့ ရန်ပုံငွေအလုံအလောက်ရရှိခဲ့ပါတယ် ။

Kaylei က အသုဘအတွက် ငွေအလုံအလောက်ရှာဖွေရန် မျှော်လင့်လျက် အနီရောင်ကတ္တီပါကိတ်မုန့်၊ ချောကလက်အညိုရောင်ကိတ်မုန့်၊ ချောကလက်ပဲဘီစကွတ်နဲ့ ပေါက်ပေါက်စတဲ့ မုန့်ငယ်များ ဖုတ်လုပ်ခဲ့ပါတယ် ။ အစပိုင်းမှာ Kelly က သူမရဲ့ကွတ်ကီးတွေကို အိမ်နီးနားတွေမှာဘဲ ရောင်းနေခဲ့တယ်။ ဒါပေမယ့် စာနယ်ဇင်းနဲ့မီဒီယာတွေမှာ သူမရဲ့အကြောင်းတွေပျံနှံ့ပြီး လူအတော်များများက Kaylei ရဲ့မြို့လေးကို သွားစားကြပါတယ် ။ “ဒီကလေးမလေးခံစားနေရတဲ့ နာကျင်မှုကို ငါတို့သိတယ်၊ ငါတို့သူမကိုကူညီချင်တယ် ” လို့ Jack က ချောကလက်ဘီစကွတ်နှစ်လုံးဝယ်ရုံသာမက Kaylei ကိုဒေါ်လာ ၁၀၀၀ လှူဒါန်းခဲ့ဖြစ်ပါသေးတယ် ။

အချို့လူများက Kaylei အတွက် အွန်လိုင်းအကူအညီတောင်းရန် GoFundMefundraising Page ကို တည်ထောင်ပြီး ယခုဆိုရင် သူတို့က ဒေါ်လာ ၅၀၀၀၀ (NT $ ၁.၄ သန်း) ရရှိခဲ့ပါတယ် ။ အစက ရည်မှန်းထားတဲ့ ဒေါ်လာ ၃၀၀၀ ရဲ့ ၁၀ ဆကျော် (NT $ 80,000 ခန့်) ကိုစုဆောင်းနိုင်ခဲ့ပါတယ် ။ “ငါတို့ကို ကူညီခဲ့တဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ် ။ သူတို့ရဲ့ ကျေးဇူးတရားတွေကြောင့် ကျွန်မမျက်ရည်ကျခဲ့ရပါတယ် ” လို့ Kaylei က မီဒီယာသိုပြောကြားခဲ့ပါတယ် ။ လူအများရဲ့ ကူညီမှုတွေနဲ့ သူမ မုန့်ရောင်းလို့ရတဲ့ပိုက်ဆံတွေပေါင်းပြီး ကလေးမက သူ့ဖခင်ရဲ့ စျာပနာကို စိတ်ကျေနပ်မှုရှိအောင် ပြုလုပ်ပေးနိုင်ခဲ့ပါပြီ ။

 

Zawgyi

ဖခင္ ရဲ႕ဈာပနအတြက္ အိမ္လုပ္မုန္႔ကြတ္ကီးေတြ ေရာင္းၿပီး ရန္ပုံေငြရွာခဲ့တဲ့ ၉ ႏွစ္အ႐ြယ္ ကေလးမ

လူတို႔က ဘဝမွာ ဝမ္းနည္းစရာ အျဖစ္အပ်က္အမ်ိဳးမ်ိဳးကို ႀကဳံေတြ႕ရပါတယ္ ။ Kentucky ျပည္နယ္ Louisville ၿမိဳ႕မွ ကိုးႏွစ္အ႐ြယ္ကေလးမ Kaylei ဟာ သူမရဲ႕ဖခင္ Jason Barton ဟာ မၾကာေသးမီက ကားမေတာ္တဆျဖစ္ပြားမႈေၾကာင့္ ေသဆုံးသြားၿပီး သူ႔ရဲ႕ ဈာပနအတြက္ မိသားစုေတြက ေငြေၾကးအလုံအေလာက္မရွိတာေၾကာင့္ ႐ိုး႐ိုးရွင္းရွင္းေလးနဲ႔ ႏႈတ္ဆက္ဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္ ။ ကံေကာင္းတာက Kaylei ဟာ မုန႔္ဖုတ္ရတာကို ႏွစ္သက္ၿပီး အိမ္မွာ ကြတ္ကီးမုန႔္ဖုတ္ရန္ ဆုံးျဖတ္ခဲ့ၿပီး သူ႔ဖခင္အတြက္ စ်ာပနာျပဳလုပ္ေပးဖို႔ ရန္ပုံေငြအလုံအေလာက္ရရွိခဲ့ပါတယ္ ။

Kaylei က အသုဘအတြက္ ေငြအလုံအေလာက္ရွာေဖြရန္ ေမွ်ာ္လင့္လ်က္ အနီေရာင္ကတၱီပါကိတ္မုန႔္၊ ေခ်ာကလက္အညိဳေရာင္ကိတ္မုန႔္၊ ေခ်ာကလက္ပဲဘီစကြတ္နဲ႔ ေပါက္ေပါက္စတဲ့ မုန႔္ငယ္မ်ား ဖုတ္လုပ္ခဲ့ပါတယ္ ။ အစပိုင္းမွာ Kelly က သူမရဲ႕ကြတ္ကီးေတြကို အိမ္နီးနားေတြမွာဘဲ ေရာင္းေနခဲ့တယ္။ ဒါေပမယ့္ စာနယ္ဇင္းနဲ႔မီဒီယာေတြမွာ သူမရဲ႕အေၾကာင္းေတြပ်ံႏွံ႔ၿပီး လူအေတာ္မ်ားမ်ားက Kaylei ရဲ႕ၿမိဳ႕ေလးကို သြားစားၾကပါတယ္ ။ “ဒီကေလးမေလးခံစားေနရတဲ့ နာက်င္မႈကို ငါတို႔သိတယ္၊ ငါတို႔သူမကိုကူညီခ်င္တယ္ ” လို႔ Jack က ေခ်ာကလက္ဘီစကြတ္ႏွစ္လုံးဝယ္႐ုံသာမက Kaylei ကိုေဒၚလာ ၁၀၀၀ လႉဒါန္းခဲ့ျဖစ္ပါေသးတယ္ ။

အခ်ိဳ႕လူမ်ားက Kaylei အတြက္ အြန္လိုင္းအကူအညီေတာင္းရန္ GoFundMefundraising Page ကို တည္ေထာင္ၿပီး ယခုဆိုရင္ သူတို႔က ေဒၚလာ ၅၀၀၀၀ (NT $ ၁.၄ သန္း) ရရွိခဲ့ပါတယ္ ။ အစက ရည္မွန္းထားတဲ့ ေဒၚလာ ၃၀၀၀ ရဲ႕ ၁၀ ဆေက်ာ္ (NT $ 80,000 ခန႔္) ကိုစုေဆာင္းႏိုင္ခဲ့ပါတယ္ ။ “ငါတို႔ကို ကူညီခဲ့တဲ့ သူအားလုံးကို ေက်းဇူးတင္ပါတယ္ ။ သူတို႔ရဲ႕ ေက်းဇူးတရားေတြေၾကာင့္ ကြၽန္မမ်က္ရည္က်ခဲ့ရပါတယ္ ” လို႔ Kaylei က မီဒီယာသိုေျပာၾကားခဲ့ပါတယ္ ။ လူအမ်ားရဲ႕ ကူညီမႈေတြနဲ႔ သူမ မုန္႔ေရာင္းလို႔ရတဲ့ပိုက္ဆံေတြေပါင္းၿပီး ကေလးမက သူ႔ဖခင္ရဲ႕ စ်ာပနာကို စိတ္ေက်နပ္မႈရွိေအာင္ ျပဳလုပ္ေပးႏိုင္ခဲ့ပါၿပီ ။

Be the first to comment

Leave a Reply

Your email address will not be published.


*