
ဖခင်၏ လယ်ထွန်စက်ကို ယူဆောင်လာပြီး သူငယ်ချင်းများအားလုံးကို ကျောင်းအကြိုအပို့လုပ်ပေးခဲ့သည့် ကျောင်းသားလေးတို့၏ ပျော်ရွှင်ဖွယ် ကျောင်းသားဘဝလေး
လူတိုင်းတွင် ငယ်စဥ်အခါ ကျောင်းသားဘဝက ပျော်ရွှဖွယ်ကောင်းသော အခိုက်အတန့် အမှတ်တရလေးတွေကို ပိုင်ဆိုင်ဖူးကြမှာ သေချာပါတယ်။
ထိုင်းနိုင်ငံမှ ကျောင်းသားလေးတစ်ဦး၏ ဖခင်လယ်ထွန်စက်ကို ယူဆောင်လာပြီး သူငယ်ချင်းများနှင့် ပျော်ရွှင်စွာ ကျောင်းသွားကြသည့် ပုံရိပ်လေးသည် စာရေးနေသူကိုပင် ကလေးဘဝကို လွှမ်းဆွတ်စေခဲ့ရပါတယ်။
ယခုခေတ်တွင် ကျောင်းသားအများစုတို့ဟာ ဆိုင်ကယ် စက်ဘီးများဖြင့်သာ ကျောင်းသို့ အလျင်အမြန်သွားနေတတ်ကြသည်။ကျောင်းသားလေးတစ်ဦးဟာ ဖခင်၏ လယ်ထွန်စက်ကြီးကို ယူဆောင်လာပြီး ပျော်ရွှင်ဖွယ်ကျောင်းသားဘဝကို သူငယ်ချင်းများနှင့်အတူ ပိုမိုပြည့်စုံအောင် ဆောင်ရွတ်နိုင်ခဲ့ပါတယ်။
ကျောင်းသားလေးတို့ဟာ ကျောင်းသွားရာ လမ်းတစ်လျောက်ကို ပျော်ရွင်စွာဖြင့် သွားခဲ့ကြပြီး မြင်တွေ့သူများကိုပင် လွတ်လပ်ပျော်ရွှယ်မှုများ ကူးစက်စေခဲ့ပါတယ်။
Leave a Reply