ဖခင်ဖြစ်သူရဲ့ စိုက်ခင်းမှာ အလုပ်ကူလုပ်ပေးနေရင်း နာမည်ကြီးပြီး လူကြိုက်များသွားခဲ့တဲ့ မိန်းကလေး(ရုပ်သံ)

ယနေ့ခေတ်ကာလဟာ အလွန်ကွဲပြားခြားနားလာပြီး အလုပ်ခွင်၌ ယောင်္ကျား နှင့် မိန်းမတို့အကြား ခြားနားချက်တွေ မရှိတော့ဘဲ တန်းတူရှိလာကြပါတယ်။ကူးစက်ရောဂါပေါ်လာပြီးနောက် လူများစွာဟာ အသက်မွေးဝမ်းကြောင်းမှုများကို ပြောင်းလဲရန် (သို့) သူတို့မလုပ်တတ်တဲ့အလုပ် ၊ မကြိုက်တဲ့အလုပ်တွေကို လုပ်ကိုင်နေကြရပါတယ်။

Malay online media တစ်ခုဖြစ်တဲ့ mStar ရဲ့အစီရင်ခံစာအရ Sabah ပြည်နယ် Keningauမြို့ရှိ အသက် ၂၀အရွယ် Ryecheal Saddy အမည်ရှိ လှပတဲ့ မိိန်းကလေးဟာ အုန်းဆီစိုက်ခင်းမှာ အလုပ်အတွက် ကြိုးစားရုန်းကန်နေရပါတယ်။၎င်း TikTok ဗီဒီယိုဟာ ၅ရက်အတွင်း ပျံ့နှ့သွားပြီး မရေမတွက်နိုင်တဲ့ netizen တွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ဗီဒီယိုကိုကြည့်ပြီးနောက် အင်တာနက်သုံးစွဲသူတော်တောိများများက အားနွဲ့တဲ့မိန်းမတစ်ယောက်က စွန်ပလွံသီးကို ခုတ်ပြီးမရန် ခွန်အားများစွာရှိနေတာကို အံ့ဩနေခဲ့ကြပါတယ်။၎င်းကိစ္စနှင့်ပတ်သက်ပြီး လှပတဲ့ Ryecheal က သူမဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့အုန်းဆီစိုက်ခင်းမှာ ကူညီနေခဲ့ကြောင်း ဆိုခဲ့ပါတယ်။

 

Ryecheal ဟာ လေယာဉ်မယ်သင်တန်းပြီးဆုံးသွားပြီးနောက် ကူးစက်ရောဂါကြောင့် အလုပ်ရှာမရတာကြောင့် သူမအနေနဲ့ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းများကို စောင့်ဆိုင်းနေစဉ် ဖခင်အားကူညီနိုင်ရန် အိမ်သို့ ပြန်ခဲ့ရကြောင်းကို “ ညီမက ဘွဲ့ရပြီးခါစဘဲရှိသေးသလို အလုပ်မရခင် ရောဂါရောက်လာလို့ အိမ်ကို ပြန်ပြီး အဖေ့ကို ကူညီနေရတယ်” လို့ ဆိုပါတယ်။

Ryecheal က ၎င်းဗီဒီယိုက တိုပြီး မောင်လေးဖြစ်သူက ရိုက်တင်ခဲ့ပေမဲ့ အင်တာနက်သုံးစွဲသူတွေဆီကနေ နွေးထွေးတဲ့တုံ့ပြန်မှုတွေရဖို့ သူမမမျှော်လင့်ခဲ့သလို ၎င်းအလုပ်က ယောင်္ကျားလေးအလုပ်ဆိုပေမဲ့ သူမဟာ ငယ်စဉ်ကတည်းက ၎င်းအလုပ်နဲ့အတူ ကြီးပြင်းလာခဲ့သလို လေးလံတဲ့အလုပ်ကို လေ့ကျင့်လာခဲ့ရပေမဲ့ သူမစိတ်ထဲမထားကြောင်း ဆိုခဲ့ပါတယ်။

Ryecheal ဟာ ၎င်းအလုပ်မှာ စွမ်းရည်ရှိပြီး ဘယ်သောအခါမှ သူမကိုယ်သူမ အတင်းအကျပ်လုပ်မှာမဟုတ်ဘူးလို့ ခံစားရကြောင်း ဆိုပါတယ်။ဗီဒီယိုအောက်မှာ netizen များစွာက သူမအား အားပေးရန် မက်ဆေ့ချ်များကို ထားခဲ့ပြီး အချို့ကလည်း စွန်ပလွံသီးကို ဘယ်လိုကိုယ်ဟန်အနေအထားဖြင့် သယ်ရမဲ့နည်းလမ်းတွေကို ပြောပြပေးခဲ့ကြပါတယ်။

Ryecheal ကလည်း သူမအား နှိမ့်ချစွာ သင်ကြားပေးပြီး သတိပေးမှုများအတွက် netizen တွေကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*