ဖခင်ဖြစ်သူရဲ့များပြားတဲ့ကြွေးမြီကြောင့်ကျောင်းထွက်ခဲ့ရပီး၊ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခဲ့ရာမှသူဌေးမကြီးဖြစ်လာခဲ့တဲ့အမျိုးသမီး

ဖခင်ဖြစ်သူရဲ့များပြားတဲ့ကြွေးမြီကြောင့်ကျောင်းထွက်ခဲ့ရပီး၊ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခဲ့ရာမှသူဌေးမကြီးဖြစ်လာခဲ့တဲ့အမျိုးသမီး

ယခုဖော်ပြပေးမှာကတော့၊ထိုင်ဝမ်နိုင်ငံက’Queen of koi fish’ဆိုပီးနာမည်ကြီးနေတဲ့အမျိုးသမီးအကြောင်းပဲဖြစ်ပါတယ်။ထိုင်ဝမ်နိုင်ငံကစျေးအကြီးဆုံးရွှေငါးတွေကို၊ပြင်ပကိုတင်ပို့ရောင်းချနေရတဲ့ရွှေငါး​မွေးမြူရေးပိုင်ရှင်ဖြစ်တဲ့၊Zhoumg Yingyingဆိုတဲ့အမျိုးသမီးကတော့ဘဝရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဒဏ်ကိုဖြတ်ကျော်ပီးမှယခုလို​ကျော်ကြားတဲ့လုပ်ငန်းရှင်တစ်​ယောက်အဖြစ်နာမည်ကြီးခဲ့ရတာပါ။

Yingyingတို့မိသားစုကချမ်းသာတဲ့မိသားစုကလာပေမဲ့၊ကံအတက်အတကျမညီမှုကြောင့်Yingyingရဲ့ဖခင်ဟာ၊သူမအသက်(26)နှစ်မှာစီးပွားကျပီးကြွေးမြီများစွာတင်ခဲ့ရပါတယ်။ထိုကြွေးမြီတွေကိုဆပ်ဖို့အတွက်Yingyingဟာကျောင်းကထွက်ပီးမိ၊သားစုလုပ်ငန်းဖြစ်တဲ့ရွှေငါးမွေးမြူရေးမှာဝင်လုပ်ခဲ့ရပါတယ်။

 

သူမရဲ့ငယ်ဘဝဟာမကြမ်းတမ်းခဲ့ပေမဲ့၊အသက်(26)နှစ်ရောက်တဲ့အခါမှာ​တော့အလွန်ပဲကြမ်းတမ်းခက်ခဲခဲ့ပီး၊ဖခင်ရဲ့ကြွေးမြီတွေကိုဆပ်ဖို့အတွက်ကြိုးစားရုန်းကန်ခဲ့ရပါတယ်။Yingyingဟာသူမရဲ့ငါးမွေးမြူရေးလုပ်ငန်းမှာ​တောင်အလုပ်သမားခမတတ်နိုင်ခဲ့တဲ့အတွက်ကြောင့်၊ဖခင်နဲ့အတူ​ကိုယ်တိုင်အအေးခံ၊လေးလံတဲ့ငါးစာထုပ်ကြီးတွေကိုယ်တိုင်သယ်၊ငါးရေလဲစတဲ့အလုပ်ကြမ်းမှန်သမျှအကုန်လုပ်ခဲ့ရပါတယ်။

သူမဟာအကြီးဆုံးသမီးဖြစ်တဲ့အတွက်ကြောင့်၊ပိုပင်ပန်းခဲ့ရပါတယ်။Yingyingဟာငါးကန်ထဲမှာပဲအချိန်ကုန်ရင်းက၊သုံးနှစ်တာကာလမှာ​တေ့ာသူမဟာကျွမ်းကျွမ်းကျင်ကျင်နဲ့ငါးလေးတွေရဲ့သဘာဝနေထိုင်မှု၊ကိုင်တွယ်မှုတွေကိုသဘောပေါက်ခဲ့ပါပီ။

 

ထို့နောက်သူမရဲ့ငါးလေးတွေအတွက်စျေးကွက်ရှာခဲ့ရာက၊သူငယ်ချင်းတစ်​ယောက်ရဲ့မိတ်ဆက် ပေးမှုနဲ့ဥရောပဘက်ကိုစတင်ထိုးဖောက်ခဲ့ပါတယ်။သူမရဲ့ရွှေငါးလေးတွေကိုအကောင်းတကာ့အကောင်းဆုံး၊အလှဆုံးမွေးမြူခဲ့ပီး၊ဂျာမနီကိုပထမဆုံးexportအနေနဲ့ရောင်းချခဲ့ပါတယ်။ထိုမှတဆင့်သူမရဲ့ရွှေငါးတွေရောင်းချရတဲ့ပိုက်ဆံနဲ့ဖခင်အကြွေးကိုဆပ်နိုင်ခဲ့ပီး၊ထိုရွှေငါးလုပ်ငန်းကိုပဲဆက်လက်တိုးတက်အောင်လုပ်ဆောင်ခဲ့ပါတယ်။

 

ထို့နောက်သူမရဲ့လုပ်ငန်းကိုအမေရိကန်အထိခြေဆန့်နိုင်ခဲ့ပီး၊ယခုအခါမှာတော့နိုင်ငံတကာကချီးမြှင့်တဲ့အကောင်းဆုံးရွှေငါးမွေးမြူရေးဆုပေါင်း(11)ဆုနဲ့၊ချန်ပီယံဆု(4)ဆုကိုလက်ခံရရှိခဲ့ပီး”Queen of koi fish’ဆိုပီးတင်စားခေါ်ဝေါ်ခံခဲ့ရပါပီ။ယခုအခါမှာ​တော့သူမဟာရွှေငါးလုပ်ငန်းကုမ္ပဏီကြီးရဲ့၊ဥက္ကဌအဖြစ်သူဌေးစာရင်းဝင်ခဲ့ပါပီ။

Be the first to comment

Leave a Reply

Your email address will not be published.


*