ဖခင်ဖြစ်သူက သုက်ပိုးအကြိမ် 500 ခန့်လှူဒါန်းခဲ့သူဖြစ်လို့ မောင်နှမတွေများလွန်းနေပြီး ချစ်သူရှာဖို့ခက်ခဲနေခဲ့တဲ့ အမျိုးသား

ဖခင်ဖြစ်သူက သုက်ပိုးအကြိမ် 500 ခန့်လှူဒါန်းခဲ့သူဖြစ်လို့ မောင်နှမတွေများလွန်းနေပြီး ချစ်သူရှာဖို့ခက်ခဲနေခဲ့တဲ့ အမျိုးသား

Zave အမည်ရှိတဲ့အမျိုးသားဟာ သူ၏ဖခင်ဟာ သုက်ပိုးအကြိမ် 500 ခန့်လှူဒါန်းထားသူမှန် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် dating apps ကနေမတော်တဆ မောင်နှမတွေနဲ့ တွေ့ဆုံပြီး နောက်ဆုံးမဖြစ်သင့်တာတွေ ဖြစ်သွားမှာကို အတော်လေးစိုးရိမ်နေခဲ့သူပါ ။ လက်ရှိမှာ အသက် 24 နှစ်ရှိနေပြီဖြစ်တဲ့ Zave ဟာ ခြေရာခံလိုက်ရင်း မောင်နှမ 8 ယောက်ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ ။

လက်တွေ့အပြင်ဖက်မှာ မောင်နှမတော်စပ်နေသူ ဘယ်နှယောက်လောက်ရှိနေမလဲဆိုတာကို Zave ကအတော်လေး ခန့်မှန်းလို့မရနိုင်အောင်ဖြစ်နေပြီး ကြင်ဖော်ရှာဖို့ ခက်ခဲနေလျက်ရှိပါတယ် ။

DNA စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် သူနှင့်ကျောင်အတူတက်နေခဲ့သူဟာ သူနှင့်ညီအစ်ကိုတော်စပ်သူဖြစ်ကြောင်း တွေ့ရှိခဲ့ပါသေးတယ် ။ အခြားမောင်နှမနှစ်ဦးမှာတော့ သူ့ရဲ့ပတ်ဝန်းကျင်အဆောက်အအုံအနီးမှာသာ ရှာဖွေတွေ့ရှိခဲ့တာပါ ။

ဖခင်ဖြစ်သူဟာ မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေနိုင်ခဲ့ပြီးနောက် Zave ဟာ သူ့ရဲ့ကျန်ရှိနေသေးတဲ့ မောင်နှမတွေကို ရှာဖွေဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။ Zave ဟာ single mom ရဲ့ပြုစုစောင့်ရှောက်မှုနဲ့ကြီးပြင်လာခဲ့သူဖြစ်ပြီး ၊မိခင်ဟာ ကိုယ်ဝန်ရဖို့အတော်လေး ခက်ခက်ခဲခဲကြိုးစားခဲ့ရသူပါ ။

ဒါကြောင့် Zave ဟာ ချစ်သူရည်းစားထားဖို့ခက်ခဲနေပြီး မတော်တဆမောင်နှမတော်စပ်နေသူနဲ့ မဖြစ်သင့်တာမျိုး ဖြစ်သွားမှာကို စိုးရိမ်လျက်ရှိပြီး တစ်ကိုယ်တည်းသမားဖြစ်နေရတာပါ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*