ဖခင်က နေမကောင်းဖြစ်ပြီး မွေးရပ်မြေကို ပြန်ချတယ်ဆိုလို. ကီလို ၁၂၀၀ ဝေးတဲ့ဆီကို တစ်ပတ်တိတိ စက်ဘီးနင်းပြီး ပြန်လိုက်ပို.ပေးတဲ့ သမီးငယ်

ကီလိုမီတာ၁၂၀၀အကွာအဝေးရှိ မွေးရပ်မြေသို့ပြန်ချင်သော နေမကောင်းသည့် ဖခင်ဖြစ်သူကို တပတ်တိတိစက်ဘီးနှင်းပြီး လိုက်ပို့ပေးခဲ့သည့် အသက်၁၅နှစ်အရွယ် သမီးလေး

မိဘတို့၏ကျေးဇူးကို သိတတ်သော သားသမီးများသည် တစ်သက်လုံးတွင် စိတ်ချမ်းသာစွာဖြင့် နေထိုင်နိုင်သည်ဟု ဆိုစမတ်ရှိပေသည်။ထိုအဆိုစကားသည်ကား အမှန်ကန်ဆုံးစကားတစ်ခုပင်ဖြစ်ပေသည်။

ယခုတွင်လည်း အိန္ဒိယနိုင်ငံမှ အသက်၁၅နှစ်အရွယ် သမီးလေး၏ လေးစားဖွယ် လုပ်ရပ်သည် နိုင်ငံတော်အစိုးရကပင် သံအမတ်ခန့်အပ်ရသည်အထိ ဖြစ်စေခဲ့ပါတယ်။ထို၁၅နှစ်အရွယ် ကောင်မလေးဟာ နေမကောင်းသော ဖခင်ဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တစ်ပတ်လုံးကို စက်ဘီးနင်းခဲ့ရတာဖြစ်ပါတယ်။

သူမ၏ဖခင်ဟာ မွေးရပ်မြေအိမ်ကလေးသို့ ပြန်ချင်သည်ဟု ဆိုသောကြောင့် သူမတို့၏နေရာမှ ကီလိုမီတာ၁၂၀၀အကွာအဝေးကို ဖခင်ဖြစ်သူအား စက်ဘီးပေါ်တင်ပြီး ပို့ပေးခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့်နိုင်ငံတော်ဟာ မူးယစ်ဆေးဝါဆိုင်ရာ တိုက်ဖျက်ရေးအဖွဲ့၏ သံသမန်အနေဖြင့်ခန့်အပ်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*